- ဒုံမင်း ခပ်ကျယ်ကျယ်ရှိသောခြံနှင့် နှစ်ထပ်အိမ်အဖြူတစ်ခုရှေ့တွင်သူရောက်နေခဲ့သည်။ ဒါကြောင့် ထိုအိမ်ထဲသို့သူဝင်သွားခဲ့သည်။ -
" ခင်ဗျားကဘာလဲ။ လ..လူမဟုတ်ဘူးလား။ "
" မဟုတ်ဘူး....ငါပြောတယ်မလား။
ငါဒီအိမ်မှာနေတဲ့လူပါဆိုနေတာကို...။ မကြောက်ဘူးလား။ "" အစကတော့ ကြောက်မလို့ပါ။ ဒါပေမဲ့ ခင်ဗျားကကြောက်စရာမှမကောင်းတာ။ "
- သူ့ရှေ့ကလူနှစ်ယောက်ကမျက်နှာချင်းဆိုင်ရပ်ပြီးစကားပြောနေခဲ့သည်။ တစ်ယောက်ကသူဖြစ်သည်ဟုဆိုနိုင်သော်လည်း သေချာတာတော့သူလုံးဝမဟုတ်ပေ။ -
"ကြည့်ချင်တာများမရှိဘူးလား။ "
" မရှိဘူးလေ "
" နည်းနည်းလေးတောင်မစဥ်းစားတော့ဘူးလား။ တကယ်အားကိုးလို့ကိုမရဘူး။ "
- ထိုလူသည် အရှေ့ကကောင်လေးပြောသမျှကို ပြုံးပြီးကြည့်နေပြီးမှ ထိုကောင်လေးနဲ့အပြိုင် စကားတွေပြောနေခဲ့သည်။ -
- ချက်ချင်းဆိုသလို ဒုံမင်းမျက်လုံးထဲက ထိုမြင်ကွင်းပျောက်ကွယ်သွားပြီး နောက်ထပ်နေရာတစ်ခုသို့သူရောက်သွားခဲ့သည်။ -
" ပုံဆွဲနေတာလား။ "
" အွန်း ဟုတ်တယ်။ "
" ဆွဲတတ်တယ်ပေါ့။ မိုက်လိုက်တာ။ ခင်ဗျားဘာလုပ်တဲ့လူလဲဆိုတာ ကျွန်တော်အရမ်းသိချင်တာဘဲ။ မှတ်မိနေရင်ကောင်းမှာကို...."
" တစ်နေ့နေ့တော့မှတ်မိလာမှာပေါ့။ ငါလည်းသိချင်တယ်။ ဘာတွေလုပ်နေလို့ လုပ်ချင်တာကိုမလုပ်နိုင်တာလဲဆိုတာ....."
" လုပ်ချင်ခဲ့တာရှိလို့လား။ "
" ရှိနေရင်ဘယ်လိုလုပ်မလဲ။ ဘာကိုစွဲလမ်းနေတာဖြစ်လောက်မလဲ။ "
" ကျွန်တော်များလား။ "
" မပြောတတ်ဘူးလေ။ ဟုတ်ရင်ဟုတ်မှာပေါ့ "
- သူအခုအိမ်တစ်ခု၏ဧည့်ခန်းထဲတွင်ရှိနေခဲ့သည်။ -
" ဘယ်အချိန်ထိလိမ်ဖို့တွေးနေရတာလဲ။ ခင်ဗျားဘာလုပ်ဖို့စဥ်းစားနေတာလဲ။ "
YOU ARE READING
FATE ( When cherry blossom again ) ( Completed )
Fanfiction- ခင်ဗျားရှိနေတာနဲ့တင် ကျွန်တော်အားလုံးကိုရင်ဆိုင်ရဲတယ်။ အချစ်ဖြစ်ဖြစ်၊ လွမ်းဆွတ်မှုဖြစ်ဖြစ်၊ ကြေကွဲခြင်းဖြစ်ဖြစ်။ - ( April 22 ~ May21 )