Mafiaကတော်က အဆိပ်ပြင်းတယ် 16

Mulai dari awal
                                    

" ကဲတော်ပြီ ရန်ဖြစ်မနေနဲ့တော့ တွေ့တိုင်းကိုက်နေ
ကြတာဘဲ "

"  အခုလိုဖြစ်အောင်နင်အရင်စလုပ်တာလေ မမှီ
စုတ်မရဲ့ "

" မင်းခနင်နော် "

" ကဲကဲတော်ပြီ အခုအထုတ်တွေနေရာချရအောင်
ပြီးရင် မန်းမြို့ရဲ့ ညဈေးကိုပတ်ပြီး ‌မုန့်တွေဘာ‌တွေ သွားစားကြမယ်လေ ဘယ်လိုလဲ "

" အိုကေ "

* ဟူးးးးး * တော်ပါသေးတယ် ဒီနေ့ရဲ့စကားဝိုင်းကို
ကျွန်တော်ငထိုက်မှ ဝင်မပြောရင် တစ်ယောက်နဲ့
တစ်ယောက်ကိုက်လို့ အဲလေ ရန်ဖြစ်လို့ပြီးမှာ
မဟုတ်တော့ဘူ စကားလမ်းကြောင်းလွှဲတာ အောင်
မြင်သွားလို့တကယ်တော်ပါ‌သေတယ် တယ်တော်
တဲ့ငါလေး ငှဲငှဲ

***********************************

* At မန်းမြို့ဈေး *

ကိုးတို့အကုန်ပြီးစီးလို့ထွက်လာချိန်က ညမရောက်
တရောက်အချိန်ဆိုတော့ တစ်ချို့ဈေးရောင်းတဲ့
သူတွေဆိုအခုမှစဖွင့်တာလေးတွေတောင်ရှိသေး
တယ် အဲ့ဒီဈေးဆိုင်တွေအကုန်လုံးထဲမှာမှ ကိုးရဲ့
စိတ်အာရုံအလုံးစုံကိုစွဲဆောင်သွားတဲ့နေရာတစ်ခုကိုတွေ့လိုက်ရတယ် အဲ့တာက

" လာကြဗျို့ လာကြဗျို့ 100ထိုးရင် 1000ရမယ် 1000ထိုးရင် 1သောင်းရမယ် 1သောင်းထိုးရင်
1သိန်းရမယ်ဗျို့ လာလာကြိုက်တဲ့အကောင်လေးတွေထိုးပြီး ငွေတွေအိတ်နဲ့သိမ်းလိုက်ရအောင်ဗျို့ "

ဟုတ်ပါတယ် ကိုးဆိုတဲ့ဒီကောင်ရဲ့ စိတ်ဝိညာဉ်
အလုံးစုံကိုအပိုင်ရသွားတာတော့ ကလုံးကလုံးခေါ်
အကောင်ထိုးတဲ့စီကိုပါဘဲ

" လာလာ ညီလေးတို့ ငွေရင်းရင်ငွေရမယ်ဗျို့ "

" ဆင်ကို 5သောင်းထိုးမယ် "

" ဟာ ရတာပေါ့ဗျာ ရတာပေါ့ "

" အဟက် "

မဟာကြည့်နေတာအမောင်9တို့က
‌ရောက်လေရာမှာအလောင်းကစားလေးတစ်ခုခုလုပ်
လိုက်ရမှ နေသာထိုင်သာရှိတဲ့ပုံဘဲ ဟိုလူကလဲသိပ်
မကြိုက်ရှာပါဘူး ဆင်ဆိုတဲ့ပုံပေါ် ငွေ5သောင်းတင်
ပြီးလောင်းလိုက်တာနဲ့ အားရဝမ်းသာ ကြိုဆိုနေ
တယ် မဟော်ကိုးနိုင်းသာဆိုတဲ့ကောင်လေးသာ သူ့မှာရှိတဲ့ပိုက်ဆံအကုန်လာသိမ်းတဲ့ မကောင်းဆိုးဝါးလေးသာသိရင် ဘယ်လိုနေမလဲမသိဘူး တအား
တွေစိတ်ဝင်စားနေပြီ အဲ့လူရဲ့ဖြစ်သွားမဲ့ရုပ်ကို

Kamu telah mencapai bab terakhir yang dipublikasikan.

⏰ Terakhir diperbarui: May 06 ⏰

Tambahkan cerita ini ke Perpustakaan untuk mendapatkan notifikasi saat ada bab baru!

  Mafiaကတော်က အဆ်ိပ်ပြင်းတယ်Tempat cerita menjadi hidup. Temukan sekarang