Part 32 🦁🐰

Zacznij od początku
                                    

"လောင်ရှောင်း မနေ့ညက အရမ်းလှတယ်"

"ထွက်...ထွက်သွားတော့....."

"ဘာဖြစ်လို့လဲ ရှက်လို့လား..."

"...."

"ဘာရှက်စရာလိုလဲရှောင်းရယ်...လင်မယားတွေပဲ မနေ့ညက
ဆိုရင် ရှောင်းရဲ့ခန္ဓာကိုယ်တစ်ခုလုံးကို ကိုယ်မြင်ဖူး...."

"အား!!!....သွားဟာ....ကျန့်ကျန့်ငိုမှာနော်"

"မငိုပါနဲ့ကွာ...နော်...မွှ"

ပါးကိုနမ်းလို့ ထွက်သွားလေပြီ တစ်ကယ်ပါပဲ လူကိုရှက်ပြီး
အငွေ့ပျံအောင်လို့ ကိုက်ထားတဲ့အရာတွေဆိုတာလဲ တစ်ကိုယ်လုံးနီးပါးပဲ ခါးနာနာနဲ့အပြင်ထွက်သွားလို့ ယောက္ခမ
တွေမြင်ရင်မေးမြန်းတာနဲ့ရှက်လို့ အပြင်‌တောင်မထွက်ရဲ။

သူ့လောင်ကုန်းကတစ်ခါနေပေးပြီးရင် နောက်တစ်ခါထပ်တောင်းဆိုပြန်တယ် နှစ်ပတ်တစ်ခါတော့ သူ့ကိုစားခွင့်ပေးသည် သူအပေါ်မှာနေချင်တယ်ဆိုရင် ရက်ကထပ်တိုးသွားလေတာမို့လို့ မပြောရဲ ။
___________

ရှောင်ကျန့်အိပ်နေရင်းနဲ့ လောင်၀မ့်ကိုကြည့်လိုက်သည်
လောင်၀မ်က ကလေးမွေးစားမလားလို့လာလာမေးတယ်
လောင်ရှောင်းရဲ့သဘောတဲ့ ရှောင်ကျန့်ကတော့ ကလေးလဲမလိုချင် ပြောရရင် လောင်၀မ့်အပေါ်တောင်ဆိုးလို့မ၀သေးပါ
အဲ့တာကြောင့်မို့လို့ ခေါင်းခါလိုက်သည်။

"လောင်၀မ် ထိန်းချင်ရင် ကျန့်ကျန့်တစ်ယောက်လုံးရှိတာပဲကို"

"အင်းပါ....ကိုယ့်လောင်ရှောင်းက ကလေးလေးပဲကို..."

လောင်၀မ့်တူမတွေကလာလာလည်လို့ ပြန်ရင် မုန့်ဖိုးတောင်
ပေးလိုက်သေးတယ် ညအိပ်တောင်ခေါ်နေသေးတယ် အခုလည်းကျန်းရွမ်က နောက်ထပ်ကိုယ်ဝန်ထပ်ရလေပြီ ဂုဏ်ပြုပွဲ နဲ့ သားယောကျာ်းလေးမွေးလာစေဖို့ ဆုတောင်းပွဲလုပ်မှာမို့လို့ ၀မ်မျိုးရိုးကိုဖိတ်ကြားထားသည်။

"လောင်ရှောင်း....ဒီနှစ်ခုမှာဘယ်ဟာလှလဲ"

"ဘာလုပ်မလို့လဲ"

"နောက်လာမဲ့ ကလေးအတွက်လေ လောင်ရှောင်း ဒီတစ်ခါ
ယောကျာ်းလေးဆိုတော့ အပြာလေး ရှုပ်တယ် ပန်းရောင်ပါယူလိုက်မယ် ရှင်းရှင်း နဲ့ ချွင်းချွင်းအတွက်"

စစ်သူကြီးကတော်ဖြစ်လာခြင်း (Complete)Opowieści tętniące życiem. Odkryj je teraz