Epi (4)

74 17 2
                                    

- ခါတိုင်းလိုပင် ဒီညလည်းထယ်ဆန်းက အီဟန်အိပ်နေတာကိုဘေးကနေကြည့်နေမိသည်။ -

- အများကြီးပိုပြီးကြည့်လို့ကောင်းလာတယ်။ မင်းကတော့ကောင်မလေးတွေဝိုင်းနေတော့မှာပဲ။ တကယ်လို့ ဟယ်မီက ငါရဲ့ဆုတောင်းဖြစ်ပြီး မင်းကငါရဲ့စွဲလမ်းမှုဆိုရင် ငါတို့ဘယ်လိုဖြစ်လာမှာလဲ အီဟန်။ -

- အရင်က အဖေပေးခဲ့တဲ့ဖိအားတွေနဲ့ကြောင့်သာမဟုတ်ရင် ဟယ်မီ့ကိုခံစားစေရမှာမဟုတ်ဘူး။ အဲ့ဒါကြောင့် ငါဘယ်သူ့ကိုမှထပ်မခံစားစေချင်ဘူး။ ငါတိတ်တဆိတ်လည်းမထွက်ခွာနိုင်ဘူး အီဟန်။ အကယ်၍ မင်းကိုငါနောက်ဆုံးတွေရမဲ့အချိန်က အရမ်းနီးကပ်လာတယ်ဆိုရင် မင်းငါ့ကိုဘာပြောမလဲ။ -

.
.
.

- မနက်စောစောအီဟန်နိုးလာခဲ့ပြန်သည်။ ပြက္ခဒိန်ကရက်စွဲကိုကြည့်တော့ Dec 25ဟူ၍ပြနေခဲ့သည်။ ရုတ်တရက်သတိရဟန်ဖြင့် ငုတ်တုတ်ထထိုင်မိသည်။ ကိုယ်ခန္ဓာပေါ်ကစောင်အထူကိုဆွဲဖယ်ကာ အိပ်ရာပေါ်ကခပ်သွက်သွက်လေးဆင်းပြီး အောက်ထပ်သို့ပြေးလာခဲ့သည်။ -

" ဝိညာဥ်!! ဝိညာဥ်!!! ဟန်ထယ်ဆန်း!!! "

- ဘယ်နေရာမှာ ဘယ်လိုရှာရှာမတွေ့သည့်သူကြောင့် အီဟန်စိတ်ထဲတွင်လေးလံသွားခဲ့သည်။ ဒါတွေက မနေ့ကထယ်ဆန်းပြောခဲ့သည့်စကားတွေကြောင့်လည်းပါမည်ထင်သည်။ သူသိနေသည်။ သူထယ်ဆန်းအပေါ်သံယောဇဥ်ဖြစ်မိနေပြီ၊ သူခံစားချက်တွေရှိလာတော့မှခွဲခွာရမည်ဆိုလျှင် သူရင်ကွဲရရုံသာရှိမည်။ -

- ထိုသို့တွေးလိုက်တိုင်း မျက်ရည်ကျပြီးဝမ်းနည်းရသည်။ -

"ကျေးဇူးပြုပြီး ထွက်မသွားပါနဲ့ဦး။ အခုထိ စိတ်ကိုအဆင်သင့်မပြင်ရသေးဘူးလို့! ဟန်ထယ်ဆန်း!!!"

" အီဟန်! ဘာလုပ်နေတာလဲ။ "

- နာမည်ကိုခေါ်ကာအော်ဟစ်နေသောကြောင့် ထယ်ဆန်းအိမ်ထဲသို့ဝင်ခဲ့သည်။ ဒါပေမဲ့ သူ့ကိုပြေးပြီးလာဖက်ထားတဲ့အီဟန်ကြောင့် ထယ်ဆန်းကြောင်သွားခဲ့သည်။ -

" ဘယ်ကိုသွားနေတာလဲ။ စိတ်ပူနေခဲ့တာ။ ကျွန်တော့်ကိုမနှုတ်ဆက်ဘဲနဲ့....ခင်ဗျား...ခင်ဗျား...

FATE ( When cherry blossom again ) ( Completed )Where stories live. Discover now