အပိုင်း ၁၇ (၂)

Comincia dall'inizio
                                    

“ဒါဆိုအညိုရွှေတိဂုံသွားချင်လား”

“ကိုတင်ကျော်အဆင်ပြေရင်သွားလေ...အညိုလည်းဘုရားမရောက်တာကြာနေပြီ”

ဟုတ်ပါသည်အညိုဘုရားမရောက်သည်မှာ ကိုရာဇာနှင့်ပြဿနာဖြစ်ပြီးကတည်းကဖြစ်သည်။အညိုယခုဘုရားသွားပြီး ကိုမော့်အတွက်ဆုတောင်းပေးချင်သေးသည်။

ရွှေတိဂုံဘုရားသည် ရန်ကုန်မြို့၏ ကျက်သရေဆောင် ဘုရားတစ်ဆူဖြစ်သလို မင်းတုန်းမင်းလက်ထပ်ကတည်းကတည်ထားခဲ့သောဘုရားလည်းဖြစ်၏။ဘုရား၏လေးဖက်လေးလံတွင်လည်း ဆောင်းတန်းကြီးများရှိသည်။

ရွှေတိဂုံဘုရားသည် တန်းခိုးကြီးမားသလို ဘုရားရင်ပြင်ပေါ်တွင် ပန်းရောင်းနေကြသောပန်းသည်များအဖို့လည်း ဝမ်းရေးတွင်အဆင်ပြေစေသည်။ရွှေတိဂုံ စေတီတော်သည် ၃၂၆ ပေ မြင့်ပြီး ရန်ကုန်မြို့ရှိ သိင်္ဂုတ္တရ ကုန်းတော်ပေါ်တွင် တည်ရှိသည်။ "လေးဆူဓာတ်ပုံ ရွှေတိဂုံ" ဟုလည်း ခေါ်တွင်သည်။အချို့ကလည်း "စေတီအစ ရွှေတိဂုံက" ဟုဆိုကြသည်။

ယနေ့သည်ဥပုတ်နေ့ဖြစ်သဖြင့် အညိုတို့ရွှေတိဂုံသို့ရောက်သောအခါ ဘုရားတွင်လူရှုပ်နေသည်။အညိုတို့ရင်ပြင်ပေါ်၌ပန်းကပ်လှူရန် ပန်းစည်းအားဝယ်ယူကြသည်။

ပန်းဝယ်ပြီးနောက် အညို၏နေ့နံဖြစ်သော ဗုဒ္ဓဟူးထောင့်သို့ဦးတည်၍သွားနေသည်။ကိုတင်ကျော်ကလည်း အညို့နောက်ကကပ်ပါလာခဲ့၏။

“အညိုကကြာသပတေးမဟုတ်ဘူးလား”

“မဟုတ်ဘူး ကိုတင်ကျော်ရဲ့”

“ကိုကအညို့နာမည်အရင်း မြန်းညိုဆိုတော့ ပ၊ဖ၊ဗ၊ဘ၊မ ဆိုပြီး ကြာသပတေးမှတ်နေတာ”

“ဟုတ်တယ် အညိုငယ်ငယ်ကကျန်းမာရေးခြူခြာလို့ ယတြာချေတဲ့အနေနဲ့ ကြာသပတေးနံနဲ့အင်္ဂါနံပေါင်းပြီးပေးခဲ့တာ အညို့ရဲ့အရင်နာမည်က ဝင်္ကပါ”

“ဒါဆိုအညိုရေသပ္ပာယ်ပြီး ပန်းကပ်မှာမို့လား။ကိုစောင့်ပေးမယ်လေ”

“ကိုတင်ကျော်က စနေမို့လား။သွားပါ...ရတယ်အညိုပြီးရင်အဲ့ဖက်လိုက်ခဲ့လိုက်မယ်”

ပန်းပန်ရင်နန်းဆန်တယ် (Completed)Dove le storie prendono vita. Scoprilo ora