" ကိုယ် မထိန်းချုပ်နိုင်လို့ " ကုယွမ်ကျိုးက ပြုံးလိုက်တယ်။

ထိုအချိန်တွင် ကျန်းယန်ရှင်သည် တံခါးခေါက်ပြီး ဝင်လာတယ်။ သူမသည် မုရှင်းယုနှင့် ကုယွမ်ကျိုးထံသို့ ကော်ဖီယူလာကာ " ဥက္ကဋ္ဌကု၊ မုရှောင်နဲ့ မစ္စစ်တုန်တို့ကို ပြစ်မှတ်ထားတဲ့သူကို ရှာမတွေ့သေးဘူး။ နည်းပညာဌာနကို ဆက်ပြီး စုံစမ်းဖို့ ကျွန်မပြောထာတယ် "

" အင်း သတင်းရှိရင် ချက်ချင်းပြောပါ "

မုရှင်းယုနှင့် တုန်ရှီးတို့ကို ပစ်မှတ်ထားတိုက်ခိုက်သူများသည် အလွန်ပါးနပ်ကြသည်။ အကောင့်များအားလုံးသည် အဆင့်မြင့် proxy များဖြစ်ပြီး ပို့စ်တင်ပြီးနောက် အကောင့်များကို ပယ်ဖျက်လိုက်သောကြောင့် ၎င်းတို့ကို ခြေရာခံရန် ခက်ခဲသည်။

သို့သော်လည်း ကုယွမ်ကျိုးသည် သူမည်မျှ နက်နဲစွာ ပုန်းအောင်းနေစေကာမူ တူးထုတ်ပစ်နိုင်မည်ဟု ယုံကြည်သည်။ နောက်ကွယ်မှလူများကို ဘယ်သောအခါမှ လွှတ်ထားမည်မဟုတ်ပေ။

" ယွမ်ကျိုး ကျတော်တို့ ပစ်မှတ်ထားတာဘယ်သူလို့ထင်လဲ? ဒီတစ်ခါ တုန်ရှီးကိုပါ ပတ်သက်စေမိလို့ ကျတော်တကယ် စိတ်မကောင်းဘူး " မုရှင်းယုက မျက်မှောင်ကြုတ်လိုက်သည်။

ကုယွမ်ကျိုးက ရုတ်တရက်မေးလာတယ်။ " ရှင်းယု ကိုယ်တို့အိမ်ထောင်ရေးကို လူသိရှင်ကြား ထုတ်ဖော်ဖို့ မင်းတွေးဖူးလား? "

" လူသိရှင်ကြား? " မုရှင်းယုက အနည်းငယ် အံ့သြသွားပြီး " ခင်ဗျားက ဒါကို လူသိရှင်ကြား ထုတ်ဖော်ဖို့ ဆန္ဒရှိတာလား? "

" ဘာလို့ ကိုက ဆန္ဒမရှိရမှာလဲ? "

ကုယွမ်းကျိုး၏ စကားလုံးအသုံးအနှုန်း မေးခွန်းကို ကြားတော့ မုရှင်းယုသည် နှုတ်ဆိတ်နေခဲ့သည်။

အကယ်၍ ၎င်းကို လူသိရှင်ကြား ထုတ်ပြန်လိုက်လျှင် ကုယွမ်ကျိုးသည် လူအများ၏ အာရုံစူးစိုက်မှုဖြစ်လာမည်မှာ သေချာသည်။

အရင်တုန်းကတော့ ကုယွမ်ကျိုး​ဟာ သူ့ကိုယ်သူ ဖုံးကွယ်ထားပြီး အင်တာနက်မှာ သူ့မျက်နှာဖုံးဓာတ်ပုံတစ်ပုံတောင် မတွေ့ရဘူး။

မသန်စွမ်းစေ့စပ်ထားသူနဲ့လက်ထပ်ရန်ပြန်လည်မွေးဖွားခြင်း(မြန်မာဘာသာပြန်)Unde poveștirile trăiesc. Descoperă acum