စစ်သူကြီးကတော်ဖြစ်လာခြင်း
Part 31
_____________
မုန့်ပန်းကန်မျိုးစုံနဲ့ ကြာခွက် ထည့်ထားသော ခြင်းက ထိုကလေးတွေရဲ့အရှေ့မှောက်မှာ ကျန်းရွမ်ကတော့ ကြာစေ့
လေးတွေကိုခွာပေးနေတယ် ဟိုကလေးလေးနှစ်ကောင်ကလည်း သူ့လောင်၀မ်နားမှာပဲနေနေတာ သူ့မုန့်တွေလည်းလာစားသေးတယ် သူ့လောင်၀မ်ကိုလည်းလုထားသေးတယ်။"ဦးဦး၀မ်....စားကြည့် ကောင်းတယ်"
ရှင်းရှင်းက ကြာစေ့ကိုယူလို့ စစ်သူကြီး၀မ်ကိုခွံ့ကျွေးတယ်
လောင်၀မ်ကလည်းခွံ့ကျွေးတာကိုစားလို့ခေါင်းတစ်ငြိမ့်ငြိမ့်နဲ့
ထောက်ခံသည် ။"အဲ့တာ မားမား ခွာကျွေးလို့ ကောင်းတာ"
"ဟွန့်!..."
ရှောင်ကျန့်ကအသံထွက်ပြလို့တစ်ဖက်လှည့်သွားတယ်
မျက်နှာကလည်းစူပုတ်ပုတ် မကြာပါဘူးဒီဘက်ပြန်လှည့်လာသည်။"အဲ့တာ ငါ့ကြာခွက်တွေ ငါစိုက်ထားလို့ကောင်းတာ"
"ဟုတ်ဘူး...မီးမီးတို့မားမား ခွာပေးလို့ကောင်းတာ"
"ဟွန့်!....မင်းတို့မားမားက ခွာပဲခွာတတ်တာ ငါကစိုက်ပေးထားရတာ "
"ဟုတ်ဘူး!!"
"ဟုတ်တယ်!"
ကလေးနှစ်ကောင်နဲ့ပြိုင်ငြင်းနေသော ရှောင်ကျန့်ပါပေ ။
"တော်ပြီနော်...ဖွားဖွားအိပ်နေတယ် သမီးတို့ ဦးဦးရှောင်ကျန့်ကို မစနဲ့တော့ "
""မားမားကလည်း""
ကလေးတွေကငြိမ်သွားလို့ ရှောင်ကျန့်ကို အသာလေးမျက်လုံးလေးစွေ့ကြည့်သည် ရှောင်ကျန့်က အနိုင်ရတဲ့အပြုံးကြီးပြုံးကာ ပြောင်ပြတယ် ။
"ဦးဦး၀မ်...ချီ"
"မီးမီးကိုရောပဲ""ဟုတ်ပါပြီ...လာ.."
ကလေးတစ်ယောက်တစ်ဖက်စီကို ချီလို့ မတ်တပ်ရပ်လိုက်သည် ကလေးတွေကစစ်သူကြီး၀မ်ရဲ့ ပုခုံးတစ်ဖက်စီမှာ
မှီလို့ ရှောင်ကျန့်ကို ကြည့်နေလိုက်တယ် ။"ဦးဦး၀မ်က မီးမီးတို့ကို အရမ်းချစ်တာ...နော်...နော်"
"ဟုတ်တာပေါ့"