"နားလည်တာမို့"

"ဘာကိုနားလည်တာလဲ?"

"အရင်ကဆေးမှူးလုပ်ဖူးတာမို့နားလည်ပါတယ်" ဆိုပြီးပြောတော့ရယ်ရင်း

"စောက်ရမ်းနားငြီးတယ်ခင်ဗျား အတူတူပဲအားလုံးအားလုံးအတူတူပဲ!!! ကျုပ်ပျော်ချင်လို့လုပ်တာကိုလာဝိုင်းတားနေကြတယ် ခင်ဗျားစောက်ကြောင်းတွေကိုလည်းကျုပ်ကမကြားချင်ဘူးသိလား?"

"မင်းအသက်ငယ်သေးတယ်ခီလေး တားတာမဟုတ်ဘဲနားလည်တယ်ဆိုတာသိစေချင်ရုံပါဒါကြောင့်မို့အဲ့တိုင်းပဲသိထားပေး" ဆိုပြီးဆက်ပြောနေတော့ထပ်ရယ်လိုက်ကာ

"စောက်ဆရာကြီးလာလုပ်တဲ့ခင်ဗျားတို့လိုလူတွေကိုမယုံဆုံးပဲ အဲ့မှာလဲသာသေနေလိုက်ဟားဟား" ဆိုပြီးနထင်ကိုဓါးဖင်နဲ့ထုလိုက်တော့ဆောင်းဟွန်းလည်းမူးဝေသွားပြီး

"ခင်ဗျားသိလား?ကျုပ်ကသနားစိတ်မရှိဘူးဆိုတာ" ဆိုပြီးဆောင်းဟွန်းလက်ကောက်ဝတ်ကိုဓါးနဲ့တစ်
စိမ့်စိမ့်လှီးပစ်နေလေရဲ့...။

သွေးတွေတတောက်တောက်ကျနေခဲ့ပြီး နီခီကရယ်နေရင်းအရသာခံနေသော်လည်းတစ်ချက်တောင်အော်သံမထွက်ခဲ့တော့

"နာနေသင့်တာကို"

"Boss he can't be human"

"You are right,George" ဆိုပြီးစိမ်းသက်သက်မျက်လုံးနဲ့ကြည့်ပြီးရယ်လိုက်ကာ လှီးတာကိုရပ်လိုက်ပြီးမျက်နှာနားကိုတိုးလာရင်းမျက်လုံးမှိတ်ပြ၍ထွက်သွားတော့တယ်...။

တစ်ချက်တောင်ပြန်မလုပ်ခဲ့ပဲငြိမ်ခံနေခဲ့မိပြီး
အလျှော့ပေးနေမိခဲ့တဲ့ဆောင်းဟွန်းတစ်ယောက်သူ့ကိုယ်သူအံ့ဩနေတာပေါ့...။

"အရူးတစ်ယောက်လိုပဲငြိမ်ခံနေခဲ့မိတယ်" ဆိုပြီး
ထထိုင်လိုက်ကာသွေးထွက်လွန်နေတော့မျက်လုံးတွေမူးဝေနေပြီး ပုဝါအဖြူကိုယူ၍မြန်မြန်လက်ကောက်ဝတ်မှာတင်းတင်းစည်းလိုက်လေရဲ့...။

သူ့အဖွဲ့သားတွေကိုသတိရသွားပြီးအခန်းအပြင်ကိုထွက်ကြည့်လိုက်တော့ အားလုံးကြမ်းပြင်ပေါ်မေ့လဲနေကြပြီးဆောင်းဟွန်းလည်းလိုက်လှုပ်နှိုးတော့အားလုံးနိုးလာကြလေရဲ့...။

Incorrectly ✓ || Hoonki🐧🐥Where stories live. Discover now