"ဪ" ဆိုပြီးဘောင်းဘီအိတ်ကပ်ထဲက
ပီကေကိုထုတ်လိုက်ကာစားနေတာပေါ့...။

ခနအကြာကျလူတွေလည်းရောက်လာကြပြီး တရားသူကြီးတို့လည်းရောက်လာကာ 

"အရပ်အဝတ်ဝတ်တာကြာပြီမို့လို့လား
မသိမနေတတ်တော့"

"အတူတူပဲ" ဆိုပြီးပြောနေကြချိန်ဆောင်းဟွန်းကတော့တရားခံထိုင်ခုံကိုပဲစိုက်ကြည့်နေလေရဲ့...။

"တရားစီရင်ရေးစတင်ပါ့မယ် တရားခံကို‌ခေါ်လာပေးပါ" ဆိုပြီးပြောတော့တရားခံကိုခေါ်လာပြီး

"ခုံ‌မှာထိုင်" ဆိုပြီးလေသံမာမာနဲ့ပြောတာနဲ့စိုက်ကြည့်လိုက်ကာ ပေကပ်ကပ်နဲ့မတ်တပ်ဆက်ရပ်နေတာပေါ့...။

"ဘာလုပ်နေတာလဲ?တရားခံကိုထိုင်ခိုင်းလေ"

"ဟုတ်ကဲ့ဗျ"

"ခုံမှာထိုင်ပေးပါဗျ" ဆိုပြီးပြောမှခုံမှာထိုင်လိုက်ကာတရားခံကထိုင်ရယ်နေပြီးတရားလိုကတော့မလာနိုင်ခဲ့ပဲ

"ဒါဆိုတရားခွင်ကိုစတင်လိုက်ပါပြီ" ဆိုပြီးစတင်လိုက်ကာ တစ်ဖက်နှင့်တစ်ဖက်သက်သေတွေအပြိုင်ပြောကြတော့တယ်...။

စိတ်ဝင်စားနေတဲ့ဆောင်းဟွန်းတစ်ယောက်ဆက်တောင်မအိပ်တော့ပဲတရားခံကိုပဲစိုက်ကြည့်နေကာ 

"ကျွန်တော့်အမှုသည်ရဲ့ဒဏ်ရာဒဏ်ချက်တွေပါဗျ မျက်လုံးနှစ်လုံးလုံးအဖောက်ခံထားရပြီးလက်လည်းအဖြတ်ခံထားရသလိုကံကောင်းလို့အခုချိန်ထိအသက်ရှင်နေနိုင်တာပါ" ဆိုပြီးပုံတွေပြတော့အားလုံးကအသည်းတွေယားနေကြလေရဲ့...။

"ရက်စက်လိုက်တာ"

"အေးလေ"

"ကျွန်တော့်အမှုသည်ကလုပ်တယ်ဆိုတဲ့သက်သေကဘယ်မှာလဲ?"

"မျက်မြင်သက်သေခေါ်ပါမယ်" 

"ဟုတ်ပြီ" ဆိုပြီးပြောတော့သက်သေလည်းခုံမှာထိုင်လိုက်ပြီး

"မျက်မြင်သက်သေ တရားခံကိုသိပါသလား?"

"သိပါတယ်"

Incorrectly ✓ || Hoonki🐧🐥Where stories live. Discover now