"ကိုယ်သွားတော့မယ်"

"အွင်း မုန့်၀ယ်ခဲ့နော်....ပျားရည်မုန့်၀ယ်ခဲ့ချည်"

"အင်း.....လိမ်လိမ်မာမာနေနော် ဆူညံသံတွေမလုပ်နဲ့မားအိပ်နေတယ်"

"အင်းပါ ကျန့်ကျန့်သိပါတယ် ကျန့်ကျန့်က လောင်၀မ့်ယောကျာ်းပဲကို မဆိုးပါဘူးဗျ...ဟီး..."

"...."

စစ်သူကြီး၀မ်က ဖိနပ်ထိုင်စီးလို့ မတ်တပ်ရပ်လိုက်တော့ ရှောင်ကျန့်က အနောက်ကနေဆွဲကာ မျက်နှာချင်းပြန်ဆိုင်ရင်းနဲ့ သူ့လည်တိုင်ကိုဖက်လို့ နှုတ်ခမ်းအပေါ်ယံကိုလာနမ်းသည်။

"စိတ်ဖြောင့်ဖြောင့်နဲ့သာသွားနော်"

"အင်း....ချစ်တယ် လောင်ရှောင်း"

"ကျန့်ကျန့်လည်း လောင်၀မ့်ကိုချစ်ပါတယ်‌ဗျ"

ထွက်သွားသော လောင်၀မ့်ကို ရှောင်ကျန့်လက်ပြရင်းနဲ့အိမ်ထဲပြန်၀င်လာလိုက်သည် ခြေလှမ်းတွေက ယောက္ခမကို
ထားတဲ့ အခန်းဆောင်စီသို့ ။

"ကျန့်ကျန့်ရေလဲပေးမယ်နော်"

"...."

၀မ်မားက ခေါင်းကိုက်နေတာကြောင့် မျက်လုံးလဲမဖွင့်ချေ
မှိန်းနေလေတယ် ရှောင်ကျန့်က အ၀တ်စကိုရေထဲထည့်ပြီး
ရေညှစ်လို့ နဖူးပေါ်အသာလေးတင်ပေးလိုက်သည်။

*ဝေါ...ဝေါ*

အပြင်မှာ မိုးရွာဖို့အတွက် လေတွေတိုက်နေလေပြီ အစေခံကောင်မလေးတွေကတော့ အဝတ်တွေအပြေးသွားရုတ်နေကြတယ် လေတွေက အခန်းထဲ၀င်လာလေတော့ ရှောင်ကျန့်လည်းချမ်းလာလေပြီ ။

"အင်း....ဟင်း..."

ယောက္ခမကိုကြည့်လိုက်ပြန်တော့ ငြီးသံသဲ့သဲ့လေးထွက်လာပြန်သည် ကြည့်ရတာအေးလို့ဖြစ်မည် ရှောင်ကျန့်လည်းထကာ ပြတင်းပေါက်တွေရော တံခါးတွေပါလိုက်ပိတ်သည် ။

"အင်း....."

တစ်ခေါက်ထပ်ငြီးလာပြန်တော့ သွားကြည့်မိတာ ချွေးတွေပါ
ကျလို့ ‌အိုက်လို့များလား တံခါးတွေထပ်ဖွင့်ရင်လည်း လေတွေကတအားတိုက်တာမို့လို့ သူပါအေးသည် မထူးတော့ဘူး
ယပ်တောင်ပဲခတ်ပေးလိုက်တော့မည်။

စစ်သူကြီးကတော်ဖြစ်လာခြင်း (Complete)Where stories live. Discover now