စစ်သူကြီးကတော်ဖြစ်လာခြင်း
Part 30
-----------
စစ်သူကြီးအိမ်တော်မှာ လူတစ်ယောက်ကဖျားနေလေလျက်
အခြားတော့မဟုတ်ဘူး ဝမ်မားမားပင် ။"မား သက်တောင့်သက်သာနေနော်"
"အေးအေး"
"ပါးလည်း တားပါသေးတယ် မင်း မားက ဗေဒင်ကိုယုံပြီး
တွက်တာ ဒီအိမ်တော်မှာနေရင် ၃ရက်ထဲနဲ့အဖျားပျောက်ပြီး
ရောဂါကြီးကြီးမားမားမစွဲကပ်ဘူးတဲ့လေ""...."
ဝမ်မားက ဗေဒင်ကိုယုံတာကြောင့် ယတြာအနေနဲ့ ဒီစစ်သူကြီးအိမ်တော်မှာလာပြီးဆေးကုနေတာပင် ရှောင်ကျန့်ကစစ်သူကြီး၀မ်ဘေးနားမှာထိုင်ရင်းနဲ့ ယောက္ခမကိုကြည့်နေလေသည်။
"ပါးလည်းလုပ်စရာကိစ္စလေးတွေရှိသေးတယ်"
"အင်း....ကျွန်တော် မားအနားမှာပဲနေလိုက်ပါ့မယ်"
"အင်းအင်း...သိပ်မကြာစေရပါဘူး နေ့တစ်၀က်လောက်ပါပဲ"
"ဟုတ်"
စစ်သူကြီး၀မ်က သူကိုယ်တိုင်ပဲ ရေအဝတ်ကိုလဲပေးလို့
နဖူးပေါ်ပြန်တင်ပေးထားသည် ရှောင်ကျန့်က စစ်သူကြီး၀မ်ရဲ့ အကျီစကိုသွားဆွဲတယ်။"ကျန့်ကျန့်လုပ်ပေးမယ်လေ လောင်၀မ်က နန်းတော်မှာလုပ်စရာတွေရှိတယ်မှတ်လား သွား"
"ဒါပေမဲ့"
"နန်းတော်မသွားဘူးလား...အဲ့တာဆိုလည်း ကျန့်ကျန့်သွားမှာနော်"
ရှောင်ကျန့်ကိုလွှတ်လိုက်ရင်တော့ဖြင့် နန်းတော်မီးလောင်မဲ့
ကိန်းကိုကြိုမြင်နေလေပြီ စစ်သူကြီး၀မ်လည်းသက်ပြင်းချ
လိုက်တယ် ဘာပဲဖြစ်ဖြစ် ၀မ်မားက လောင်ရှောင်းရဲ့ယောက္ခမဆိုတော့ ကောင်းကောင်းလေး စောင့်ရှောက်ပေးမှာပါလေ ။"ကိုယ်စိတ်ချမယ်နော်"
"အိုက်ယား...သွားစမ်းပါ မသိရင် ကျန့်ကျန့်ကပဲ လောင်၀မ့်အမေကို လည်ပင်းညှစ်သတ်နေတာကြနေတာပဲ"
"...."
"သွားတော့....သွားတော့..."
ရှောင်ကျန့်က စစ်သူကြီး၀မ်လက်ကိုဆွဲလို့ အိမ်ပေါက်၀အထိ
လိုက်ပို့ပေးသည် စစ်သူကြီး၀မ်က မားရဲ့အခန်းဆောင်ကို
လှည့်ကြည့်ရင်းနဲ့ ပါသွားရှာသည် အိမ်တော်ထိန်းကြီးက
ဆေးကြိုနေလို့မရှိ ။