"ကိုယ့်အတွက်လား"

"အင်းပေါ့"

"ဘာလို့လဲ"

"ထိခိုက်မှာစိုးရိမ်လို့ပေါ့"

"စိုးရိမ်တာချစ်လို့လား"

"အင်းပေါ့ ဟာ....မြို့အုပ်မင်းဝမ်!"

"ဗျာ"

မှားတာ၊ ရှောင်ကျန့်ကိုကမှားတာ မြို့အုပ်မင်းကသူ့ကိုဆိုအနေခက်အောင်ပဲလုပ်နေတာကို သူကိုကသေချာရှင်းပြနေမိတာ။

"ခင်ဗျားကြီးလူကိုလိုက်မနှောက်ယှက်နဲ့"

"ဟောဗျာ ပိုးပန်းတာကနှောက်ယှက်တာနဲ့မတူပါဘူးဗျာ"

"တော်ပြီခင်ဗျားကြီးနားမနေဘူး အ့!"

'ဗွမ်း'

ရှောင်ကျန့် ရှက်ရှက်ဖြင့်လှည့်ပြေးလိုက်ချိန် ခြေချော်သွားပြီးချောင်းထဲပြုတ်ကျသွားတော့သည်။ ရေမနက်ပေမဲ့ခြေခေါက်သွားတာကြောင့်မထနိုင်ဖြစ်နေချိန် မြို့အုပ်မင်းဝမ်ကစမ်းချောင်းထဲဆင်းလာပြီ ရှောင်ကျန့်ရဲ့ကိုယ်လေးကိုပွေ့ချီလိုက်သည်။

"ဆေးရွက်တွေကိုယ်ခူးပေးမယ် ကျန့်အပင်အောက်မှာပဲထိုင်နေတော့"

ဆေးရွက်ခူးနေတဲ့မြို့အုပ်မင်းဝမ်က ရှောင်ကျန့်ကိုတော့အပင်အောက်တွင်ထိုင်နေစေသည်။ ဆေးရွက်ခူးပြီးအပြန်လမ်းတစ်လျှောက်လုံးလဲမြို့အုပ်မင်းဝမ်ကရှောင်ကျန့်ကိုပွေ့ချီလာသေးသည်။

မြို့အုပ်မင်းဝမ်ရဲ့ရင်ခွင်ထဲမှာရှိနေရတာက ရှောင်ကျန့်နှစ်သက်မိတဲ့အရာဆိုတာသေချာလာတာကြောင့် လည်တိုင်ကိုလှမ်းဖက်ပြီး ပါးကိုနမ်းလိုက်မိသည်။

"ဆုချတာ"

"ဒီထက်ပိုတဲ့ဆုတွေလိုချင်သွားပြီဗျာ"

ခပ်ပြုံးပြုံးပြောလာတဲ့မြို့အုပ်မင်းဝမ်ရဲ့စကားအဆုံးမှာ မြို့အုပ်မင်းထံသို့ရှောင်ကျန့်ရဲ့မျက်စောင်းလေးကျရောက်သွားတော့သည်။

//////

​ဒီFicလေးကအပိုင်းရှည်မှာမဟုတ်တော့တစ်ဝက်ကျိုးပြီလို့ပြောလို့ရတဲ့အနေအထားကိုရောက်နေပါပြီ။ updateမြန်ဖို့ကြိုးစားနေပါတယ်ဗျ။

အချစ်ကမြို့အုပ်မင်းထံမှာ (အချစ်ကမြို့အုပ်မင်းထံမှာ)Where stories live. Discover now