ရှောင်ကျန့်မနက်အိပ်ရာထကတည်းက ဆေးရွက်တွေခူးဖို့ပြင်ဆင်ထားပြီး အလုပ်မရှိအလုပ်ရှာလုပ်နေလေသည်။ မြို့အုပ်မင်းကလဲ ဓားမြတွေကိုတရားခွင်တင်မယ့်ကိစ္စနှင့်အလုပ်များနေလေသည်။ ညနေစောင်းကိုရောက်တော့မြို့အုပ်မင်းက ပုံမှန်ဝတ်​နေကြနိုင်ငံခြားဖြစ်အထည်တွေကိုအပြည့်အစုံမဝတ်ဘဲ ဘောင်းဘီနှင့်အင်္ကျီအဖြူတစ်ထည်ကိုပဲပေါ့ပေါ့ပါးပါးဝတ်ဆင်ထားကာ ရှောင်ကျန့်နားရောက်လာသည်။

"ကျန့် သွားကြမယ်လေ"

"ဟုတ်"

ရှောင်ကျန့်ခမျာသူ့နှုတ်ကထွက်ကြလာတဲ့'ကျန့်'ဆိုသည့်နာမ်စားကြောင့်အယောင်ယောင်အမှားမှားပင်ဖြစ်ချင်သွားသည်။

"ကိုယ်လမ်းမသိဘူးနော်"

"ဟမ်"

"မင်းအခုထိနေရာကနေတစ်လမ်းမှမရွေ့သေးဘူး မသွားဘူးဆိုလဲပြောလေ"

"မဟုတ်ဘူး သွားမှာပါဆိုနေ"

ရှောင်ကျန့် မြို့အုပ်မင်းဝမ်ရှေ့ကနေဦးဆောင်ပြီးစမ်းချောင်းနံဘေးကိုထွက်လာလိုက်သည်။ ရှောင်ကျန့်တို့အခုနေတဲ့အိမ်ကစမ်းချောင်းနဲ့သိပ်မဝေးပေ။ ခြံကလဲအစွန်းဘက်မှာရှိတာကြောင့်ပိုလို့ပင်သွားရလွယ်သည်။ ဒါကိုအကဲပိုပြီးလိုက်လာတဲ့သူကိုရှောင်ကျန့်နည်းနည်းလေးမှအမြင်ကြည်မနေပါ။ တကယ်ကိုရှောင်ကျန့်ကိုကလေးလိုဆက်ဆံနေတာသူက။

စမ်းချောင်းကိုရောက်တော့ ရှောင်ကျန့်ဆေးရွက်တွေကိုစခူးတော့သည်။ လိုက်လာတဲ့ဟိုလူကြီးကတော့သူ့ဘာသာဘာလုပ်လုပ်ပေါ့။

"ကျန့် အဲ့ဒီဆေးရွက်တွေကဘာဆေးဖော်ဖို့လဲ"

"ဒီနားကဆေးရွက်တွေက ထိခိုက်ဒဏ်ရာရတာတွေအတွက်ဆေးဖော်တာ ဆေးမြစ်ကတော့ဖျားနာတာအတွက်"

ရှောင်ကျန့်ဘေးလာရပ်ကာမေးနေပုံမှာစိတ်ဝင်စားဟန်ဖြစ်တာကြောင့် သေသေချာချာလေးရှင်းပြပေးလိုက်တော့ ခေါင်းတငြိမ့်ငြိမ့်ဖြင့်နားထောင်နေသည်။

"အိမ်မှာဖြည့်ထားဖို့အတွက်လား"

"ဟုတ်တယ်လေ"

အချစ်ကမြို့အုပ်မင်းထံမှာ (အချစ်ကမြို့အုပ်မင်းထံမှာ)Where stories live. Discover now