"တကယ်သွားချင်တာလား"

"အွန်း"

"ကောင်းပြီလေ ဒါဆိုကိုယ်ပြောတာတစ်ခုလုပ်ပေးရမယ်"

ခေါင်းတသွင်သွင်ငြိမ့်ပြလာတဲ့ကောင်လေးအား ကြည့်ကာ ခပ်ညစ်ညစ်အတွေးတစ်ခုကမြို့အုပ်မင်းဝမ်ရဲ့ခေါင်းထဲသို့တိုးဝင်လာလေသည်။

"အနားတိုးခဲ့"

"ဟုတ်"

အနားရောက်လာတော့ကောင်လေးအား ခါးမှဆွဲယူကာပေါင်ပေါ်ထိုင်စေလိုက်ပြီး ခါးသိမ်သိမ်လေးအားတင်းကြပ်စွာပွေ့ဖက်လိုက်တော့ 'အင့်'ခနဲအသံတိုးတိုးကလေးထွက်ပေါ်လာသည်။ မျက်စိရှေ့တွင်ရှိနေသောဂုတ်ပိုးလေးအားအသာအယာနမ်းရှိုက်မှုပြုလိုက်တော့ပေါင်ပေါ်ထိုင်နေတဲ့ကိုယ်လုံးလေးကအနည်းငယ်တွန့်သွားသော်လည်းရုန်းခြင်းတော့မရှိပေ။

"မြို့...မြို့အုပ်မင်းဝမ်"

မျက်နှာလေးအားအသာလှည့်စေပြီးစတော်ဘယ်ရီရောင်နှုတ်ခမ်းသားလေးအားငုံထွေးလိုက်တော့လက်သီးဆုပ်ကလေးများဖြင့်ရင်ဘက်ကိုတွန်းလာသည်။ ညင်သာတဲ့လှုပ်ရှားမှုတွေနဲ့အတူရှောင်ကျန့်ရဲ့နှုတ်ခမ်းလေးက မြို့အုပ်မင်းဝမ်ရဲ့နှုတ်ခမ်းအတွင်းရောက်လုမတတ်ပင်။ နွေးထွေးကြင်နာမှုအပြည့်ဖြစ်သော်လည်းစိမ်းသက်နေသည့်ခံစားချက်ကြောင့်ရှောင်ကျန့်ရုန်းလိုက်မိတော့ နှုတ်ခမ်းသားတွေကိုလွတ်ပေးလာပြီးနှုတ်ခမ်းအောက်ခြေကမှဲ့နက်ကလေးကိုနမ်းရှိုက်လာပြန်သည်။ ထို့နောက်ရှောင်ကျန့်မျက်ဝန်းအားတည့်မတ်စွာစိုက်ကြည့်လာပြီးမြို့အုပ်မင်းဝမ်ကပြုံးနေလေသည်။

"ချစ်တယ်ကျန့် ကိုယ်မင်းကိုရူးလောက်အောင်ချစ်တယ်"

"ဟင်"

"သွားအိပ်တော့ မနက်ဖြန်ညနေကြကိုယ်နဲ့အတူသွားမယ်"

"ဟု....ဟုတ်"

ရှောင်ကျန့်အခုချိန်ဘာကိုမှမတွေးနိုင်တော့လောက်အောင်ကိုအံ့ဩနေမိသည်။ မြို့အုပ်မင်းကသူ့နှုတ်ခမ်းကိုနမ်းပြီး သူ့ကိုချစ်ရေးဆိုနေသည်။ ဒါပေမဲ့သူတို့နှစ်ယောက်ရဲ့အခြေနေကတော်တော်လေးကွာခြားလွန်းသည်။ ပြီးတော့သူကိုယ်တိုင်ကရောမြို့အုပ်မင်းအပေါ်ခံစားချက်ကသူထင်ထားသလိုဖြစ်နေပြီလား။

အချစ်ကမြို့အုပ်မင်းထံမှာ (အချစ်ကမြို့အုပ်မင်းထံမှာ)Donde viven las historias. Descúbrelo ahora