ရှောင်ကျန့်တစ်ယောက်မြို့အုပ်မင်းဝမ်ရဲ့အိပ်ခန်းရှေ့မှာခေါက်တုန့်ခေါက်ပြန်လမ်းလျှောက်ကာအကြံထုတ်နေလေသည်။ ဒီနေ့မနက်အဖြစ်အပျက်ကြောင့်မြု့အုပ်မင်းဝမ်ကရှောင်ကျန့်အားသူမပါဘဲအပြင်ထွက်ခွင့်ကိုပိတ်ပင်လိုက်လေသည်။ ဦးလေးရဲ့အိမ်ကိုလဲသွားခွင့်မပေးတော့ပေ။ ဦးလေးဖြစ်သူကိုတောင်တွေ့ချင်ရင်ဒီအိမ်လာတွေ့ဟုပြောသေးသည်။ သို့သော်ရှောင်ကျန့်မှာရွာနံဘေးကစမ်းချောင်းတွင်ပေါက်ရောက်တတ်သောဆေးမြစ်များသွားခူးချင်နေလေသည်။

"အခန်းရှေ့မှာမရှိတဲ့ကြွက်ကိုခြောက်နေမယ့်အစား ပြောစရာရှိတာတိုက်ရိုက်လာပြော"

ရှောင်ကျန့်လမ်းလျှောက်နေစဥ်အခန်းထဲကထွက်ပေါ်လာတဲ့ခပ်ဩဩအသံကြောင့် ဆက်လျှောက်ဖို့ပြင်နေသည့်ခြေလှမ်းပင်ရပ်တန့်သွားလေသည်။

*ဒီလူကြီးသူများတွေနဲ့စကားနည်းသလောက် ငါလေးကိုဆိုအထွန့်တွေအတက်တွေနဲ့ကိုပြောတာ ဘယ်မလဲကျန့်ကျန့်အတွက်တရားမျှတမှု ဘယ်မလဲ*

အခန်းတံခါးကိုအသာဖွင့်ကာ ခေါင်းလေးအရင်ဝင်လိုက်ပြီးကုတင်ဘေးကစားပွဲမှာ စာရွက်စာတမ်းတွေစီနေတဲ့မြို့အုပ်မင်းဝမ်ကိုချောင်းကြည့်လိုက်ပြီးမှ တစ်လှမ်းခြင်းလျှောက်လာလိုက်သည်။

"ဟို...မနက်ဖြန်ချောင်းနားကဆေးမြစ်နဲ့ဆေးရွက်လေးတွေသွားခူးချင်လို့"

"ဘာလုပ်ဖို့လဲ"

"ဆေးဖော်ဖို့ပေါ့ မဟုတ်လို့ဟင်းချက်စားရမှာလား"

"မင်းအကြီးကိုပြန်ခံပြောနေတာလား"

"အကြီးမေးတဲ့မေးခွန်းကမှန်မှမမှန်တာကို"

"ကောင်းပြီလေ ဒီလိုဆိုမှတော့ဘယ်မှမသွားရဘူး"

"ဟာ....အဲ့လိုမလုပ်နဲ့လေ ကျွန်တော်တကယ်သွားချင်လို့ပါဆို"

ရိပေါ်သူ့ရှေ့ကနှုတ်ခမ်းတထော်ထော်နှင့်ရန်စွာနေတဲ့ကောင်လေးကိုအသည်းယားနေမိသည်။ သူ့ခံစားချက်တွေကသေချာနေပြီမို့ သူရှောင်ကျန့်ကိုပိုးပန်းဖို့ဆုံးဖြတ်ထားပြီးသားပါ။ သို့သော်ညားချစ်စရာကောင်းသည့်အကောင်ပေါက်လေးအား ကျီစယ်ရသည်မှာပျော်စရာကောင်းလှသည်။

အချစ်ကမြို့အုပ်မင်းထံမှာ (အချစ်ကမြို့အုပ်မင်းထံမှာ)Where stories live. Discover now