"မြို့အုပ်မင်းဝမ် ကျွန်တော့်ကိုစောင့်ပါအုံး"
"....."
"မြို့အုပ်မင်းဝမ်"
"....."
ရှောင်ကျန့်ခြေလှမ်းကျဲများဖြင့်အရှေ့မှဦးဆောင်သွားနေသည့်မြို့အုပ်မင်းဝမ်နောက်ကိုအမှီပြေးလိုက်နေရသည်။ နောက်ကနေတကျော်ကျော်အော်ဟစ်နေပေမဲ့မြို့အုပ်မင်းကတော့တစ်ချက်ကလေးတောင်လှည့်ကြည့်မလာခဲ့ပေ။ ရှောင်ကျန့်တို့နေတဲ့ခြံထဲရောက်မှ မြို့အုပ်မင်းဝမ်ရဲ့ခြေလှမ်းတွေကရပ်တန့်သွားသည်။ ရှောင်ကျန့်မောဟိုက်နေသောလေသံလေးဖြင့် မြို့အုပ်မင်းဝမ်အားထပ်ခေါ်မိလေသည်။
"မြို့အုပ်မင်းဝမ်...အင့်"
ဒီတစ်ကြိမ်ခေါ်ဆိုမှုတွင်မြို့အုပ်မင်းဝမ်ကရှောင်ကျန့်ဘက်လှည့်လာပြီး ရှောင်ကျန့်ကိုယ်လုံးလေးကိုရင်ခွင်ထဲဆွဲသွင်းကာတင်းကြပ်နေအောင်ဖက်ထားလေသည်။ ရှောင်ကျန့်ပုခုံးထက်မှစိုစွတ်မှုကိုခံစားလိုက်ရချိန် အံ့ဩထိတ်လန့်သွားကာမြို့အုပ်မင်းဝမ်ဖက်ထားသည်မှအနည်းငယ်ရုန်းလိုက်မိသည်။ သို့သော်မြို့အုပ်မင်းဝမ်ကအရုန်းမခံဘဲတင်းကြပ်စွာဖက်ထားစဲ။
"မင်းသာတစ်ခုခုဖြစ်ခဲ့ရင် ကိုယ်သူတို့အားလုံးကိုတစ်ယောက်မကျန်သတ်ပစ်မှာ"
//////
ဒါလေးမျှော်နေကြသေးလားဗျ။ personal ကိစ္စတွေကြောင့်ကြားထဲမှာupdateအရမ်းကြာသွားတာတောင်းပန်ပါတယ်ဗျ။
Wang Mei Lian
Zawgyi
"မြို့အုပ်မင်း ဗျို့မြို့အုပ်မင်း"
"အိမ်ထဲမယ်ကျုပ်ရှိတယ် ဝင်ခဲ့"
ရိပေါ် ဥပဒေဆိုင်ရာစာအုပ်ဖတ်ရင်း အိမ်ရှေ့ကနေလှမ်းခေါ်နေတဲ့သူအား အိမ်ထဲဝင်လာခဲ့ဖို့ပြောလိုက်တော့ အလောတကြီးပြေးဝင်လာတဲ့ရွာသားတစ်ဦးက လက်ထဲတွင်လဲစာတစ်ဆောင်ပါလာလေသည်။
"ဘာအကြောင်းများရှိလို့လဲ"
"မြို့အုပ်မင်း ကျွန်တော်တို့တောထဲသစ်ခုတ်သွားရင်းဓားပြအဖွဲ့နဲ့ကြုံခဲ့တယ် သူတို့ကမြို့အုပ်မင်းကိုဒီစာပေး ပေးဖို့ပြောပြီး ကျုပ်ညီမလေးကိုဖမ်းခေါ်သွားတယ်"
YOU ARE READING
အချစ်ကမြို့အုပ်မင်းထံမှာ (အခ်စ္ကၿမိဳ႕အုပ္မင္းထံမွာ)
Part ~7~
Start from the beginning