"ရှောင်ကျန့်ကိုမနက်ကသူဘယ်ခေါ်သွားတာလဲသိတယ်"
"ကျန့်ကျန့်ကိုတောပန်းခူးဖို့ခေါ်သွားမယ်တော့ပြောသွားတယ် အပြန်ကြမြို့အုပ်မင်းဆီတန်းပြန်သွားတယ်ပြောတယ်"
မြို့အုပ်မင်းအနောက်မှာရပ်နေတဲ့ရှောင်ကျန့်ကသူ့အစ်မကိုအံ့ဩစွာကြည့်လိုက်မိသည်။ ဘာလို့များသူ့အပေါ်လုပ်ရက်ရတာလဲ။
"ကျဲဘာလို့လိမ်တာလဲ ကျဲပြောတော့အကူညီတောင်းပေးမယ်ဆို ဘာလို့အဲ့လိုလုပ်ရတာလဲ"
"ကျန့်ကျန့် ဘာဖြစ်လို့လဲ ဦးလေးကိုပြောဒီကလေးမဘာလုပ်ခဲ့တာလဲ"
"ရှောင်ကျန့်ကသူ့ကိုဓားမြတွေလက်ကကယ်ရင်းဓားစာခံအဖြစ်အဖမ်းခံလိုက်ရတာ"
"ဟေ!"
"ပါး သမီးက"
"တိတ်စမ်း! ဒါအစ်မတစ်ယောက်လုပ်သင့်တဲ့အရာလား ရှောင်ရိသမီးကိုပါးအရမ်းစိတ်မတိုခင်ဒီနေရာကထွက်သွားလိုက်တော့ နောက်မှထပ်ရှင်းမယ်"
ရှောင်ရိပါးရိုက်ခံလိုက်ရတာကြောင့် လဲကျသွားရာမှအမြန်ကုန်းထပြီးအိမ်ထဲပြေးဝင်သွားသည်။ သူကြီးရှောင်လဲသူ့သမီးအိမ်ထဲဝင်သွားမှ မြို့အုပ်မင်းနဲ့ရှောင်ကျန့်ကိုအားနာဟန်ဖြင့်ကြည့်နေလေသည်။
"ဦးလေးကပဲတောင်းပန်ပါတယ်ကျန့်ကျန့်ရယ် ဦးလေးအသုံးမကျတာဒီသမီးမိုက်ကိုမိတဆိုးလေးဆိုပြီးအလိုလိုက်မိတာမှားတာပဲ"
"ဖြစ်ပြီးမှတောင်းပန်နေလို့ဘာမှမရဘူး မဖြစ်ခင်ကတည်းကသတိထားသင့်တယ် ရှောင်ကျန့်သာတစ်ခုမှတစ်စုံဖြစ်ခဲ့ရင် ကျုပ်ခင်ဗျားသမီးကိုအရက်စက်ဆုံးနည်းနဲ့သတ်ပစ်မိမှာ ခွင့်လွှတ်မှုကဒီတစ်ကြိမ်ပဲရမယ်ဒါကလဲဦးလေးရဲ့မျက်နှာကြောင့် နောက်တစ်ကြိမ်သာရှိလာခဲ့ရင် ကျုပ်ကအခုလိုခွင့်လွှတ်ပေးတော့မှာမဟုတ်ဘူး"
"ဦးလေးသိပါတယ် ဦးလေးမျက်နှာထောက်ပေးတာကိုလဲကျေးဇူးတင်ပါတယ် ကျန့်ကျန့်ကိုလဲထပ်ပြီးတောင်းပန်ပါတယ်"
"ရပါတယ် ကျွန်တော်ဘာမှမဖြစ်လိုက်ပါဘူး"
ရှောင်ကျန့်စကားကိုကြားတော့ မြို့အုပ်မင်းဝမ်ကခပ်စူးစူးကြည့်လာပြီးခြေလှမ်းကျဲကြီးများဖြင့်ခြံထဲမှထွက်သွားတာကြောင့် ဦးလေးဖြစ်သူကိုကပြာကယာနှုတ်ဆက်ပြီးအနောက်မှပြေးလိုက်ရပြန်သည်။
YOU ARE READING
အချစ်ကမြို့အုပ်မင်းထံမှာ (အခ်စ္ကၿမိဳ႕အုပ္မင္းထံမွာ)
Part ~7~
Start from the beginning