"လက်ကိုသေနတ်ပစ်ခံထားရတဲ့သူတွေကို အမှုထပ်တိုးမှာ ဒီတော့သူတို့ကိုသပ်သပ်အမှုတွဲတင်မယ်သူတို့ကိုသီးသန့်ထားထားလိုက်"

"ဟုတ်ကဲ့ပါမြို့အုပ်မင်း"

ရှောင်ကျန့်တစ်လမ်းလုံးညိမ်ညိမ်ကုပ်ကုပ်လေးလိုက်ပါလာရသည်။ အကြောင်းကတော့မြို့အုပ်မင်းဝမ်ဟာ မေးရိုးတွေတင်းနေသည်အထိစိတ်တိုနေသောကြောင့်ပင်။ သူတို့နှစ်ယောက်နေတဲ့အိမ်ကိုပြန်ရမယ့်အစား ရှောင်ကျန့်ဦးလေးဖြစ်သူ သူကြီးရှောင်မုရဲ့အိမ်ကိုဦးတည်သွားနေတဲ့မြို့အုပ်မင်းကြောင့် ရှောင်ကျန့်လက်ကိုညစ်လိုက်မိတော့ မြို့အုပ်မင်းကသူ့ကိုတစ်ချက်မျှသာလှည့်ကြည့်လာပြီးသူလမ်းသူဆက်လျှောက်နေသည်။ ခြံဝကိုရောက်တယ်ဆိုရင်ပဲ အိမ်ရှေ့တွင်ရေနွေးကြမ်းသောက်နေတဲ့သူကြီး တပြေးလေးလာနှုတ်ဆက်သည်။

"ဟာ မြို့အုပ်မင်း ဘာအရေးများရှိလို့ပါလိမ့်ဗျာ အင်္ကျီမှာလဲသွေးတွေစွန်းလို့ပါလား"

"ဦးလေးရဲ့သမီးဘယ်မှာလဲအခုခေါ်ပေးပါ"

"ဟေ အေးကွယ် ရှောင်ရိသမီး အိမ်ရှေ့ခဏထွက်ခဲ့စမ်း"

"ဟုတ်ကဲ့ပါး"

ရှောင်ရိအိမ်နောက်ဖေးကထွက်လာချိန် ရှောင်ကျန့်ကိုမြင်တော့မျက်နှာကချက်ချင်းပျက်သွားပေမဲ့ချက်ချင်းပြန်ပြုံးလိုက်တာကြောင့် ဘယ်သူ့မှသတိမထားမိပေမဲ့ မြို့အုပ်မင်းကတော့မျက်စိလျင်သူပီပီသေသေချာချာကိုတွေ့လိုက်လေသည်။

'ဖြောင်း'

ကျယ်လောင်တဲ့အသံက အိမ်ရှေ့မှာပြန့်လွင့်သွားပြီးရှောင်ကျန့်မြို့အုပ်မင်းအားမျက်လုံးအဝိုင်းသားဖြင့်ကြောင်ကြည့်နေမိသည်။ အခုမြို့အုပ်မင်းဝမ်က ကျဲကိုပါးရိုက်လိုက်တာလား။

"မြို့...မြို့အုပ်မင်း ရှောင်ရိကိုဘာလို့"

"မင်းကိုငါအခုအချုပ်ချလိုက်လို့ရတယ် မိန်းကလေး​ဖြစ်နေလို့ဒီတစ်ကြိမ်ခွင့်လွှတ်လိုက်မယ်"

"မြို့အုပ်မင်း ရှောင်ရိကဘာလုပ်ထားလို့လဲ ကျုပ်ကိုပြောပါ"

အချစ်ကမြို့အုပ်မင်းထံမှာ (အချစ်ကမြို့အုပ်မင်းထံမှာ)Where stories live. Discover now