"ရှောင်ကျန့်ကော ဖေးဖေးတို့ဘာလုပ်ကြမလဲ"

အားဖေးကအားလုံရဲ့ညီမဖြစ်ပြီး မောင်နှမနှစ်ယောက်စလုံးမိဘမဲ့ဖြစ်တာကြောင့်ရှောင်ကျန့်ဦးလေးကငယ်ငယ်ကတည်းကစောင့်ရှောက်ပေးခဲ့သည်။ ထို့ကြောင့်လဲဖေးဖေးတို့နဲ့ရှောင်ကျန့်ကမောင်နှမလိုပင်ဖြစ်နေလေသည်။

"အားလုံကအကူညီသွားတောင်းတယ်မလား ကောတို့အဆင်ပြေသွားမှာပါဖေးဖေး မကြောက်နဲ့"

ရှောင်ကျန့် ဖေးဖေးကိုသာနှစ်သိမ့်ပေးနေပေမဲ့သူကိုယ်တိုင်လဲကြောက်စိတ်ဝင်နေသည်ကြောင့်စကားကိုပင်အသံတုန်မနေအောင်ထိန်းပြောနေရသည်။ ရှောင်ကျန့်မျက်ဝန်းထဲမျက်ရည်တွေပြည့်လာပြီးကျလုဆဲဆဲအချိန်မှာ အပြင်ဘက်မှဆူညံသံများကြောင့် အပြင်ဘက်ကိုကြည့်လိုက်တော့ လူအများကြားမှ အဖြူရောင်ဝတ်စုံဖြင့်သိသိသာသာထင်းထွက်နေသည့်ပုံသဏ္ဍာန်တစ်ခုက ​မြို့အုပ်မင်းဝမ်ရိပေါ်ဆိုတာ တစ်ချက်ကြည့်ရုံနဲ့ပင်သိသာလှသည်။

တဒိုင်းဒိုင်းသေနတ်သံကြားမှာ ရိပေါ်ဝတ်ထားတဲ့အဖြူရောင်အင်္ကျီကဟိုတစ်ကွက်ဒီတစ်ကွက် သွေးရောင်စွန်းနေသည်။ ခေါင်းဆောင်ဖြစ်ပုံပေါ်တဲ့သူက ရိပေါ်ရှေ့မှာဒူးထောက်ထားပြီးနားထင်တွင်သေနတ်ချိန်ရွယ်ခံထားရသည်။

"ရှောင်ကျန့်ဘယ်မှာလဲ!"

"....."

"ရှောင်ကျန့်ဘယ်မှာလဲလို့မေးနေတယ်လေ! မင်းတို့စောက်နားတွေကန်းနေကြတာလား! ရှောင်ကျန့်ကိုထုတ်ပေးမလား မင်းတို့တစ်ဖွဲ့လုံးကိုဒီမှာပဲရှင်းပစ်ရမလား!"

"ကျွန်တော်ဒီမှာ မြို့အုပ်မင်း"

ရှောင်ကျန့်အသံကြားတာနဲ့ အနားကိုချက်ချင်းရောက်လာပြီး သော့ခလောက်ကိုသေနတ်နဲ့ပစ်ဖျက်လိုက်ကာ ရှောင်ကျန့်နဲ့ဖေးဖေးကိုအပြင်ထွက်စေသည်။ ရှောင်ကျန့်လက်ဖဝါးကိုသူ့လက်ဖဝါးထဲကျစ်နေအောင်ဆုပ်ကိုင်ထားပြီး ဖေးဖေးကိုတော့နောက်ကလိုက်စေသည်။ အပြင်ထွက်မည်အပြု လဲကျနေတဲ့ဓားပြအဖွဲ့သားတွေနားကိုပြန်သွားကာ သူ့တပည့်တွေကိုထိုလူစုအားမြို့တော်တရားရုံးတွင်အမှုတင်စေရန်စေခိုင်းနေသည်ကြောင့် ရှောင်ကျန့်ညိမ်ညိမ်လေးရပ်စောင့်နေလိုက်သည်။ အားဖေးကိုတော့အားလုံနှင့်အတူအရင်ပြန်စေလိုက်သည်။

အချစ်ကမြို့အုပ်မင်းထံမှာ (အချစ်ကမြို့အုပ်မင်းထံမှာ)Where stories live. Discover now