"Taehyung"

"ဟင် .. အာ Hyung "

" CEOကပြောတယ် live လွင့်ဦးတဲ့ Live မလွင့်တာကြာနေလို့တဲ့ "

"အာ ဟုတ် ကျွန်တော် ခနနေ လွင့်လိုက်ပါမယ် အဲ့ဆို တိုက်ခန်းပြန်လို့ရမလား "

"အွန်း ခနပဲရလိမ့်မယ် ၁၁နာရီ အကတိုက်ရမှာ "

"ဟုတ်ကဲ့ "

မျက်နှာမရွှင်လန်းနေတဲ့ကောင်လေးကြောင့် မန်နေဂျာhyungမှာလည်း စိတ်မကောင်းပေ ။ အရင်ကလို ပျော်ပျော်နေတတ်တဲ့ ကောင်လေးကို သူလည်း လွမ်းသည် ။

ထယ်ယောင်း တိုက်ခန်းကို ပြန်ရောက်တော့ အိပ်ခန်းထမှာပဲ live လွင့်ရန် ပြင်လိုက်သည် ။ ပြီးတော့ weverse live လွင့်ခြင်းကို စတင်လိုက်သည် ။

" ယောရောဘွန်း  အာညော်ဟာဆယ်ယော V အီမီတာ
ကျွန်တော် Liveလည်း မလွင့်တာကြာပြီလေ အဲ့တော့ လွမ်းနေကြမယ်ထင်လို့ "

ထယ်ယောင်းပြောလည်းပြော ကောမန့်လေးတွေကိုလည်း လိုက်ဖတ်နေလေသည် ။

*လွမ်းတာပေါ့ ထယ်ထယ်က ပိုချောလာတယ် *

"ကျွန်တော်က ဒီအတိုင်းပါပဲဗျာ Taehyungist တွေရဲ့ ချစ်တဲ့မျက်စိနဲ့ကြည့်လို့ပါ "

Taehyungist သူရဲ့fan တွေကိုခေါ်တဲ့နာမည်ပေ ။ သူ့ရဲ့နာမည်အရင်းကို ပြုပြင်ထားပြီး ခေါ်ခဲ့တာ ။

" ထူးထူးခြားခြားတော့ဘာမှမရှိပေမယ့် အလုပ်အရမ်းများတယ် ။ အဲ့တာကြောင့် မပေါ်လာဖြစ်တာပါ "

*ပင်ပန်းနေပြီလား ကလေးလေး *

"အော ..အများကြီး ပင်ပန်းတယ် ဒါပေမယ့် Taehyungist ရဲ့အချစ်တွေကြောင့် မပင်ပန်းတော့ပါဘူး "

"Schedule တွေကအပြည့်ပဲ promotion ကာလလည်းဖြစ်တာဆိုတော့လေ ။ ထွေထွေးထူးထူးတော့မရှိဘူး အလုပ်ပဲလုပ်နေရတာ ။ အာ .. ဒါနဲ့ဟိုစားသောက်ဆိုင်ကိုတော့ သွားဖြစ်ခဲ့တယ် ။ ဒါ promotion ဆင်းပေးတာမဟုတ်ဘူးနော် ။ ဒီအတိုင်း သူငယ်ချင်းတစ်ယောက်ခေါ်လို့ သွားလိုက်တာ ။ အဲ့စားသောက်ဆိုင် စားသောက်ဆိုင်‌ထက်ကိုပိုပါတယ် ။ တော်တော်စုံပြီး အရမ်းလှတယ် ။ တစ်ကယ့်ကို classic ဆန်တယ် ။ "

*Aigoo Taehyungie လေးကြိုက်တယ်ဆိုတာ တော်တော်ရှားတယ်။ ဘယ်စားသောက်ဆိုင်လဲ သိပ်ကံကောင်းတာပဲ

𝖫𝗈𝖵𝖾 𝖬𝖾 𝖠𝗀𝖺𝗂𝗇 On Rainy Days Tahanan ng mga kuwento. Tumuklas ngayon