ဆွန်မင်းသင်တန်းရှေ့မှာ အနက်ရောင်ကားလေးရဲ့ကိုယ်ထည်ကိုမှီကာ ခပ်လန်းလန်းစတိုင်လ်နဲ့အထာကျကျရပ်နေတဲ့လူကြီးကိုမြင်တော့ မျက်မှောင်ကြုံ့မိသည်။
သင်တန်းကကောင်မလေးတွေရဲ့မျက်လုံးအစုံက ထိုလူကြီးဆီမှာသာရောက်နေကြတာကြောင့် ဆွန်မင်းပိုပြီးသဘောမကျဖြစ်ရသည်။
ဆွန်မင်းကိုမြင်တော့ ထိုလူကြီးကပြုံးပြကာ လက်တစ်ဖက်ဝေ့ယမ်းပြလို့ နူတ်ဆက်လာသည်။
ဆွန်မင်း ထိုလူကြီးအနားသွားလို့..."ဒီတစ်ခါရော ခင်ဗျားခေါင်းကဘာဖြစ်ပြန်ပြီလည်း"
ဖီးလစ်ရိုက်ထားတဲ့ခေါင်းကို အကြောင်းပြကာ အမျိုးမျိုးဆွန်မင်းအနားလာပြီးတွယ်ကပ်နေတဲ့
ထိုလူကြီးကို ဆွန်မင်းမေးလိုက်သည်။"ဒီတစ်ခါတော့ ခေါင်းကဖြစ်တာမဟုတ်ဘူး"
"ခေါင်းကဖြစ်တာမဟုတ်ရင် ကျွန်တော်နဲ့မဆိုင်ဘူးလေ ဘာလို့ကျွန်တော့်ဆီလာတာလဲ"
ကောင်လေးရဲ့ မျက်ခုံးတန်းလှလှလေးတွေ တွန့်ချိုးသွားပုံကအစ ကဗျာဆန်ဆန်လှပလွန်းတယ်လို့များပြောရင် ဘန်ချန်းပိုတယ်ဖြစ်ရဦးမည်။
သို့ပေမယ့် ကောင်လေးဟာ ဘယ်လိုနေနေကို ဘန်ချန်းမျက်လုံးထဲမှာတော့ အတော်လေးချစ်စရာကောင်းပါသည်။
ဘန်ချန်းနဲ့အနည်းငယ်အလှမ်းဝေးနေတဲ့ကောင်လေးအနားတိုးကပ်လို့....
"ခေါင်းကဒဏ်ရာမဟုတ်ဘူးဆိုပေမယ့် မင်းနဲ့ဆိုင်တယ်ဆွန်မင်း"
"ဘာဆိုင်တာလည်းပြော"
"ဟော့ဒီကိုယ့်နှလုံးသားကမင်းကြောင့်ရောဂါဖြစ်နေပြီထင်တယ်ဆွန်မင်း မင်းကိုမတွေ့ရရင်လွမ်းနေတတ်ပြီး
တစ်နေ့တာလုံးမှာ မင်းအသံလေးကိုမှမကြားရရင် မနေနိုင်လောက်အောင်အထိဖြစ်နေပြီ အဲ့တာကြောင့် ကိုယ့်နှလုံးသားလေးကိုတာဝန်ယူပေး"ဝဲဘက်ရင်အုံပေါ်လက်ဖဝါးထပ်တင်လို့ပြောလာတဲ့ဒီလူကြီးရဲ့စကားတွေကြောင့် ဆွန်မင်းရင်ခုန်သံတွေဟာမတည်ငြိမ်တော့ပေ။ သို့သော်လည်း...
YOU ARE READING
My essential(Chanmin)
Fanfictionဘယ်တစ်ဦးတစ်ယောက်အပေါ်ကိုမှ မပေးဖူးတဲ့မေတ္တာတွေနဲ့ချစ်တာပါ ကိုယ့်ဘဝမှာရင်ဘတ်နဲ့ရင်းပြီးနှစ်နှစ်ကာကာချစ်ရတာဆိုလို့မင်းဘဲရှိတယ်ဆိုတာကို ယုံပေးပါကွာ...