"မေမေ ပြန်လာပြီလား၊ မြောင်မြောင်က မေ‌မေ့ကို လွမ်းနေတာ"

ရွှီချောင် သူ(မ)လက်ထဲမှ အသီးကို မြောင်မြောင်ထံ ကမ်းပေးလိုက်ပြီး အပြုံးဖြင့်

"မီးမီးရဲ့ဖွားဖွားက မီးမီးလေးအတွက် ဝယ်လာပေးတာ၊ သွား သွားပြီးစားလိုက်အုံး"

"ဖွားဖွားကလား?"

မြောင်မြောင်တစ်ယောက် ဆီစက္ကူဖြင့် ပတ်ထားသည့် သစ်သီးအား ကိုင်ကာ ရွှီချောင်အား တောက်ပသော မျက်လုံးများဖြင့် ကြည့်ပြီး

"မေမေ ဖွားဖွားက အရမ်းသဘောကောင်းတာပဲ"

မီးဖိုချောင်ထဲတွင် အလုပ်‌များနေသည့် ရှောင်ရှားမှာ အသံကြားပြီး ရွှီချောင်အား ကျဲကျယ်ဟုခေါ်ကာ အပြင် အမြန်ပြေးထွက်လာ၏။ ရွှီချောင်က ပြုံးကာ

"ရှောင်ရှား အဆင်ရောပြေရဲ့လား?"

ရှောင်ရှားက အလျင်အမြန်ဖြင့်

"ကျဲကျယ်၊ ဒီရက်ပိုင်းတွေထဲမှာ ဆေးတွေနေ့တိုင်သောက်ပြီးတော့ ညီမလေး အများကြီးနေလို့ကောင်းပြီး အားတွေရှိလာသလို ခံစားရတယ်"

သူ(မ)ရဲ့မျက်နှာက ယခင်ကလို ဖြူဖျော့မနေတော့ဘဲ နှင်းဆီရောင်သန်းနေသည်ကို မြင်ပြီး ရွှီချောင် ခေါင်းညိတ်လိုက်သည်။ ထို့နောက် မီးဖိုချောင်ထဲသို့ ဝင်ကာ ညစာပြင်ဆင်ခြင်းဖြင့် အလုပ်ပြန်ရှုပ်တော့သည်။

ဖူကွေ့နှင့် ရှောင်ကွမ်းတို့ တောင်ထိပ်၌ မြေရှင်းနေစဉ် ရှောင်ရှားက ဆန်ညိုဖြင့် ဆန်ပြုတ် ပြုတ်ထား၏။ ရွှီချောင်မှာ သူတို့ ပြန်ရောက်လာသည့်အချိန် ဗိုက်မဝမည်စိုး၍လည်း ဂျုံဖြူနှင့် ကြက်ဥဖြင့် ပန်ကိတ်ဒါဇင် လိမ့်ထားလိုက်သည်။ သူ(မ) အလုပ်များနေစဉ် သူ(မ)ဘေးနားမှ ရှောင်ရှားအား

"ရှောင်ရှား ဖူကွေနဲ့ ရှောင်ကွမ်းတို့က ဒီ‌ရက်တွေထဲမှာ မြေရှင်းတာနဲ့ အလုပ်များနေကြတာ၊ သူတို့တွေ စားလို့မဝမှာစိုးလို့ နောက်တစ်ခါဆို ညဘက် ဆန်ပြုတ်မပြုတ်နဲ့တော့နော်၊ ပေါက်စီလုပ်လို့ရသလို ထမင်းလည်း ချက်ထားလို့ရတယ်၊ ကြက်ဥတွေကို ချွေတာမနေနဲ့၊ အကုန်လုံး ကြော်လို့ရတယ်၊ မွှေကြော်ဖို့အတွက်ဆို အိမ်အောက်ခန်းမှာ ကိုင်ပြီးသားငါးရော ဘေကွန်ရော ရှိတာမလို့ ဘာမှ ချွေတာနေစရာမလိုဘူး၊ သူတို့တွေ ဗိုက်ပြည့်ဖို့အတွက် ငါတို့က အရသာရှိတာ ချက်ပေးရမယ်လေ"

တောင်သူကြီးရဲ့ ဇနီးလေး (Complete ✅)Donde viven las historias. Descúbrelo ahora