သူပါးစပ်ထဲ စတော်ဘယ်ရီကိုထည့်လိုက်ချိန် သူ ခိုးစားတာကိုသိလို့လေများလား CEO Jungkook က အလုပ်ခိုင်းရန်ခေါ်လိုက်တော့ လန့်ပြီးမြိုချမိတာ လည်ပင်းမှာအလုံးလိုက်တစ်လို့နေသည်..

CEO Jungkook မှာ ဘာဖြစ်မှန်းမသိ တခုခုနှင်နေတယ်လို့တော့ရိပ်မိကာ အနားကဖြတ်သွားတဲ့ စားပွဲထိုးလက်ထဲက ခွက်လေးတခွက်ကိုယူကာတိုက်လိုက်တော့ Taehyung မှာ CEO Jungkook လက်ထဲကခွက်ကို မြန်မြန်ယူကာတခွက်လုံးမော့ချလိုက်တော့သည်.. နှင်တာသက်သာအောင်မြိုချလိုက်ပေမယ့်သူမော့သောက်လိုက်တာက ဝိုင်တွေဖြစ်လို့နေတာကိုသူသိလိုက်သည် ..

" အဆင်ပြေရဲ့လား "

" အားးးရပြီ ဟုတ်ကဲ့ CEO "

" သိမ်းစရာရှိတာတွေသိမ်းပေမယ့် ဧည့်သည်တွေကိုတချက်ဂရုစိုက်ဖို့ အခြားသူတွေကိုပြောလိုက် ဧည့်သည်တွေစိတ် အနှောက်အယှက်မဖြစ်စေနဲ့ "

" ဟုတ်ကဲ့ CEO "

Taehyung အရိုအသေပေးကာထွက်သွားတော့ waiter ကောင်လေးက CEO ကို

" CEO ခုဏခွက်ကရေမဟုတ်ပါဘူး ဝိုင်တွေပါ "

" ဘာ! "

waiter ကပြောပြီးထွက်သွားတော့ CEO Jungkook တယောက် Taehyung ကိုလှမ်းကြည့်လိုက်တော့ ခုချိန်ထိအကောင်းဖြစ်နေသေးတာမြင်တော့

" ယောကျားလေးပဲ ဝိုင်တခွက်လောက်ကတော့ မမှုးလောက်ပါဘူး "

အားလုံးပြီးလို့ သမ္မတကြီးနဲ့ CEO Jungkook တို့နှုတ်ဆက်စကားပြောနေကြချိန် Jungkook ရဲ့အကြည့်ကာ သူ့မျက်စိထောင့်မှာပေါ်လာတဲ့ Taehyung စီ စကားပြောရင်းအကြည့်ရောက်မိတော့ စားပွဲပေါ်က ဖန်ခွက်ကိုလှမ်းယူနေတဲ့ လက်ကဖန်ခွက်ကိုမကိုင်မိပဲ ချော်နေသည်..

ခေါင်းတွေကိုခါကာ မျက်လုံးကိုပြူးပြီး ဖန်ထွက်ကိုလှမ်းယူနေတဲ့ Taehyung ရဲ့ပုံစံကြောင့် သမ္မတကြီးနဲ့စကားပြောရင်းမရယ်မိအောင် နှုတ်ခမ်းကိုစိလို့ထားရတဲ့ CEO Jungkook..
သမ္မတကြီးကိုနှုတ်ဆက်ပြီးလို့ ပြန်သွားချိန်မှာ သူလည်းသူရုံးခန်းကို ပြန်သွားဖို့လုပ်ရင်း

" အတွင်းရေးမှူး Kim Taehyung ကို ကျွန်တော်အခန်းလွှတ်လိုက် "

" ဟုတ်ကဲ့ CEO "

𝙾𝚗𝚕𝚢 𝚄 (Complete) Where stories live. Discover now