ရွှေပုံ နှင်းကြည်ပြောပြလို့အကုန်သိပြီးပါပြီ ကိုမျိုးအောင်ဆိုတာကလည်း ရွှေပုံတို့ရွာသားပါပဲ အရက်သောက်တာကလွဲရင်း ရမ်းရမ်းကားကားရှိတာမဟုတ် မုဆိုးမ အမေကိုရိုးရိုးသားသားလုပ်ကျွေးနေသူဖြစ်သည်။ ကိုမျိုးအောင်တို့က အမေတစ်ခုသားတစ်ခုပေမယ့် တော်တော်ပြေလည်သည်။ စားနိုင်သောက်နိုင် ပေးနိုင်ကမ်းနိုင်သည့်အထိပြေလည်ကြလေသည်။ ကိုမျိုးအောင်နဲ့ဆိုရင်တော့ နှင်းကြည်ကိုစိတ်မချနိုင်စရာအကြောင်းမရှိပေ။

ဒါပေမယ့် ကိုမျိုးအောင်ပုံစံနဲ့ဆိုရင်တော့ နှင်းကြည်ကိုဖွင့်ပြောမှာတော့မဟုတ်ပေ။ တစ်ယောက်ယောက်မြှောက်ပေးလိုက်လို့ပဲဖြစ်ရမယ် ရွှေပုံ အကိုတို့ ကျိုမုန့်ကျိုနေတဲ့ဝိုင်းကိုကြည့်လိုက်တော့ ကိုမျိုးအောင်နဲ့ ခေါင်းချင်းဆိုင်ကာ စကားပြောနေကြတဲ့ အကို ရွှေပုံသိလိုက်ပြီ ဒါအကိုမြှောက်ပေးလိုက်တာပဲဖြစ်ရမယ်။ အလုပ်တွေအားလုံးပြီးမှပဲပြောတော့မယ် ဟုစိတ်ထဲကတွေရင်း ခေါက်ဆွဲ နဲ့မုန့်ဟင်းခါးချက်ရန် ငါးတွေကို ဗိုက်တွေကိုခွဲအူတွေထုတ်ကာရေဆေး ဆားနနွင်းနယ်ကာ ရေးနည်းနည်းထည့်ပီး မီးဖိုထက်တင်ထားလိုက်သည်။ ငါးကပိသာချိန် ၁၀၀မို့ ဟင်းရေအိုးကို အိုးကြီးတွေနဲ့ ၃အိုးခွဲတင်လေသည်။

ငါးတွေကိုရေခမ်းအောင်ပြုတ်ပြီး အသားနဲ့အရိုးတွေကိုနွှာထားလိုက်သည်။ နွှာထားတဲ့အသားတွေကိုကြေအောင်လုံးချေလိုက်လေသည်။ ပြီးရင် ဂျင်း ၊ ကြက်သွန်ဖြူနဲ့ စပါးလင်ကို ညက်နေအောင်ထောင်းထားလိုက်သည်။ ပြီးရင်အိုးထဲကိုဆီထည့်ပီး ဆီဆူလာရင် နနွင်းနဲ့ ထောင်းထားတဲ့ ဂျင်း၊ ကြက်သွန်ဖြူ နဲ့စပါးလင်ကို ထည့်ကာဆီသတ်လိုက်သည်။ဂျင်းနံ့မွှေးနေပြီဆိုတော့မှ နွှာပြီးချေထားတဲ့ ငါးတွေကို ထည့်ကာ ငါးတွေမွလာတဲ့အထိ မွှေပေးလိုက်သည်။ပြီးရင်ငါးအရိုးတွေကိုရေစိမ်ထားတာတွေကိုဇကာနဲ့စစ်ကာအရည်တွေကို ဟင်းရည်အိုးထဲထည့်လိုက်သည်။

ရေတွေကိုပါအိုးအပြည့်ထည့်ရင်းမွှေလိုက်သည်။ လေးစိတ်စိတ်ထားတဲ့ကြက်သွန်နီဥကြီးတွေကိုပါထည့်ရင်း ဆန်လှော်မှုန့်ကိုပါရေဖျော်ရင်းထည့်လိုက်သည်။မဟုတ်ရင်း ဆန်လှော်မှုန့်တွေကဟင်းရည်ထဲမပျော်ပဲ အတုံးလိုက်ကြီးတွေဖြစ်နေတက်လို့ပါ ဟင်းရည်အိုးကြီးတွေ တည်ပြီးရင် ခေါက်ဆွဲလုပ်ရန် ဆန်တွေကိုကြိတ်ကာထားလိုက်သည်။ ပြီးထမင်းအိုးကြီးတွေတည်တဲ့အဖုံးကြီး ၆ဖုံးကိုရေစင်အောင်ဆေးပြီးဆီသုတ်ကာ မုန့်နှစ်တွေကို ထိုအဖုံး ၆ဖုံးဆီဖြေးဖြေးစီလောင်းထည့်ကာ ခဏထားလိုက်သည်။ ပြီးရင် အိုးကြီး ၃လုံးကိုရေအပြည့်ထည့်ကာ လေးထောင်ပုံစံရိုတ်ထားတဲ့ သစ်သားကိုခံကာ ရေဆူလာပြီဆိုရင် ထိုမုန့်နှစ်တွေထည့်ထားတဲ့ အဖုံးကြီးတွေကိုထည့်ကာ အုပ်ထားလိုက်သည်။

 🗡ငါ့မိန်းမထိ ဓားကြည့်🗡حيث تعيش القصص. اكتشف الآن