Ending

3.1K 174 2
                                    

( Unicode )
-
-
-

" ဟန်နီ ကျွန်တော်ဟန်နီအိမ်ရှေ့မှာ "

အိပ်ချင်မူးတူးဖြစ်နေတဲ့ ခါလွန်မိုးရဲ့မျက်လုံးများကျယ်သွားသည်။ ဖုန်းကိုနားအနားကနေခွာကာ နာရီကိုကြည့်ကြည့်တော့ မနက် ၆ နာရီသာရှိသေးသည်။

" အစောကြီးပဲရှိသေးတာကို... "

" ဒီနေ့သင်္ကြန်အကြိုနေ့လေ ဟန်နီရဲ့။ မအိပ်နဲ့တော့ ထတော့ ထတော့...ကျွန်တော်ကို ခြံတံခါးလာဖွင့်ပေးပါဦး  "

" ဟုတ်သားပဲ...သင်္ကြန်တောင်ရောက်ပြီပဲ။ "

ဖုန်းကိုချလိုက်ကာ ခါလွန်မိုးအိပ်ယာထဲကနေထလိုက်သည်။ မှန်အရှေ့ရပ်ပြီ ရှုပ်ပွနေတဲ့ ဆံပင်ကိုသေချာဖြီးပြီးမှ နွေခါးကိုခြံတံခါးပေးရန် ညဝတ်အင်္ကျီနဲ့ပဲ ခါလွန်မိုးအခန်းထဲကနေထွက်လာခဲ့သည်။

ခြံတံခါးကိုဖွင့်လိုက်တာနဲ့ နွေခါးမျက်နှာကိုအရင်မမြင်ရပဲ မွှေးပျံ့ပျံ့ပိတောက်ပန်းအခက်ကြီးက ခါလွန်မိုးအရှေ့တည့်တည့်မှာရှိနေသည်။

" မောနင်း ဟန်နီ  "

ပိတောင်ပန်းခက်ကြီး အောက်သို့နိမ့်ကျသွားကာ ဘွားခနဲနွေခါးရဲ့ပြုံးတုံ့တုံ့မျက်နှာလေးပေါ်လာသည်။

" ဟန်နီအတွက်ပိတောက်ပန်း "

" အများကြီးပဲ "

နွေခါးလက်ထဲကပိတောက်ပန်းတွေကို ခါလွန်မိုးလက်လွှဲယူလိုက်သည်။

" ကျွန်တော်ကိုယ်တိုင်အပင်ပေါ်တက်ခူးခဲ့တာနော် "

" ကျေးဇူးပါဗျ။ ကျေးဇူးပါ...အိမ်ထဲဝင်ဦး "

ခါတိုင်း နွေခါးအိမ်လာပြီဆို သူ့အစ်မတွေက တစ်ယောက်တစ်ပေါက်နဲ့ စနောက်တက်ကြပေမယ့် အခုတော့ အိမ်မှာခါလွန်မိုးတစ်ယောက်တည်းသာရှိသည်။ အကြီးမ ဖြူသွေးမိုးကမနှစ်ကတင် အိမ်ထောင်ကျသွားပြီ သူ့မိသားစုနဲ့သူအိမ်ခွဲနေ၏။ အလတ်မကြယ်စင်မိုးကတော့ စာရေးမယ်ဆိုပြီ ခရီးထွက်သွားတာ ၁လလောက်ရှိပြီ။ ပိတောက်မိုးကတော့ ဒီမှာဘွဲ့ရပြီနောက် မိဘတွေရှိတဲ့နိုင်ငံမှာပဲ ကျောင်းဆက်တက်နေသည်။

Pretty Man [ Complete ]Where stories live. Discover now