အပိုင်း-၂၇

896 61 4
                                    

အပိုင်း -၂၇

ခွမ်း.....

မက်စွန် ဒေါသတကြီးဖြင့် ဘေးနားမှာရှိတဲ့ပန်းအိုးကို တွန်းတိုက်ချကာခွဲပြစ်လိုက်သည်။

ဘာလို့လည်း..... သူမရှိတဲ့ ခဏလေးအတွင်းမှာဘာလို့ ဒီလိုတွေဖြစ်ကုန်ရတာလည်း။သူ့အနေနဲ့ဘယ်တုန်းကမှ အဲ့ဒီvideoကို လူသိရှင်ကြားဖြစ်အောင်လုပ်ပြစ်လိုက်ဖို့မတွေးခဲ့ဘူးဖူး။ဒါဟာ ရန်ရင်းကိုခြိမ်းခြောက်ဖို့အတွက်သုံးရုံသက်သက်ပဲ......

ဒါပေမဲ့ အဲ့တာက ဘယ်လိုလုပ်ပြီး!

သူစိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းကိုတစ်ချက်ဖွလိုက်ပြီး ဆိုဖာပေါ်ပြစ်စလက်ခတ်လှဲချလိုက်သည်။ထို့နောက် စီးကရက်တစ်လိပ်ကိုထုတ်ကာ တစ်ချက်ဖွာလိုက်သည်။မိနစ်အနည်းငယ်အကြာစဥ်းစားပြီးနောက် သူအဖြေကိုရှာတွေ့သွားတော့သည်။

"ဟက်.... မင်း လူမှားပြီးရန်စမိတာပဲ "

မက်စွန်က အမြဲတမ်း တစ်ယောက်ထဲနေတဲ့အချိန်များသည်။သူ့အနေနဲ့အုပ်စုဖွဲ့ရတာကိုမကြိုက်သလို အုံလိုက်ကျင်းလိုက်ဟေးလားဝါးလားလုပ်ရတာကိုလည်းမနှစ်သက်။ဒါပေမဲ့ သူက ထူးထူးဆန်ဆန်းလုပ်ရပ်လေးတွေကိုတော့ရင်ခုန်တတ်သည်။sexကိုအလွန်းအမင်း ခုံမင်တာမျိုးတော့မဟုတ်ပေမဲ့ ရန်ရင်းနဲ့ကတော့ အထူးချွင်းချက်ပင်။လူကို စိတ်ခံစားချက်မျိုးစုံပေးပြီး ထပ်ထပ်ခါခါလိုချင်နေအောင်ဆွဲဆောင်တတ်တဲ့ ရန်ရင်းကတော့ သူ့အတွက် မပျင်းအာင်လုပ်ပေးတတ်တဲ့အရုပ်ကလေးဖြစ်သည်။

အခုတော့ ထိုအရုပ်ကလေးကိုတစ်စုံတစ်ယောက်ကဖျက်စီးပြစ်ချင်နေသည်။ရန်ရင်းကို သူပိုင်တာ.... သူမှမဟုတ်ရင် ရန်ရင်းကို ဘယ်သူမှလာပြီးစီမံပိုင်ခွင့်မရှိစေရဘူး။သူ့ကိုပေါ့ပေါ့တန်တန်တွေးပြီး မီးစနဲ့လာထိုးတဲ့သူအတွက်တော့ .....

♥♥♥♥♥

နေ့ခင်းကြောင်တောင်ကြီးမှာတောင် မီးရောင်စုံပြိုးပြက်ပြီး မူးရူးကခုန်နေကြတဲ့လူတွေကြားထဲကို သူဇွတ်တရွတ်တိုးဝင်သွားလိုက်သည်။အသိစိတ်လွတ်နေသည့်ပုံစံနဲ့ တလှုပ်လှုပ်ကနေသည့်လူရဲ့အနားကိုသူ တိုးဝှေ့သွားကာ ပခုံးကိုဆွဲလှည့်လိုက်သည်။

Ping Pang Donde viven las historias. Descúbrelo ahora