Epi (2)

83 16 0
                                    

Leehan Pov:
- ညရောက်တော့ အီဟန်အိတ်ထဲကလက်ပ်​​တော့ပ်ကိုထုတ်ပြီးတော့ မျက်မှန်ဘူးထဲက မျက်မှန်ကိုထုတ်ပြီးတပ်လိုက်သည်။ ပြီးတော့ သူ၏ရေးလက်စစာမူကိုဆက်ရေးရန်လုပ်နေခဲ့သည်။ -

" ဘာလုပ်နေတာလဲ "

" အာ လန့်လိုက်တာ။ အခုထိအိမ်မှာတစ်ယောက်တည်းရှိတယ်လို့ထင်နေတာ။ ဝိညာဥ်ရှိတာကိုမေ့နေတယ်။ "

" မင်းကအဲ့လိုကြီးတော့မစော်ကားပါနဲ့ကွာ။ ငါလည်းတစ်ချိန်ကလူပါဘဲ။ လူလူချင်းတော့လန့်မနေနဲ့။ "

" ဆောရီးဆောရီး....အစကတော့ စာရေးဖို့လုပ်နေတာဘဲ။ အခုဝိညာဥ်လည်းရှိနေတော့ ရုပ်ရှင်ကြည့်ကြမလား။ "

" မင်းသဘောလေ။ "

" ဝိညာဥ်က သရဲကြောက်တတ်လား။ "

" အမယ်အထင်သေးလို့ကွာ။ မကြောက်ပါဘူးနော်။ "

" ဒါဆို Dramaဘဲကြည့်ကြရအောင်။ ကျွန်တော်ကြောက်တယ်။ ဟီးဟီး"

- ဝိညာဥ်ကောင်လေးပြုံးလိုက်ကာ ခေါင်းတခါခါဖြင့်သာ။ အီဟန်ကတော့ လက်ပ်တော့ပ်ထဲကနေ ကြည့်ဖို့ဇာတ်ကားကိုရှာဖွေနေခဲ့သည်။ -

- သူတို့အတူထိုင်နေတာ တစ်နာရီလောက်ရှိနေပြီ။ အခုထိဘာမှလည်းမကြည့်ရသေးသလို ဘာကြည့်မယ်ဆိုတာလည်းမဆုံးဖြတ်ရသေး။ အချိန်က ညဆယ်နာရီငါးဆယ့်လေးမိနစ်။ -

" ဝိညာဥ်ကြည့်ချင်တာများမရှိဘူးလား။ "

" မရှိဘူးလေ "

" နည်းနည်းလေးတောင်မစဥ်းစားတော့ဘူးလား။ "

" ငါစဥ်းစားလို့မှမရတာ။ ဘယ်လိုဖြစ်ဖြစ်ငါကမှတ်မိမှာမှမဟုတ်တာကို။ "

" တကယ်ပါဘဲ အားကိုမကိုးရဘူး ကိုယ့်နာမည်တောင်ကိုယ်မမှတ်မိတဲ့လူ။  "

" အ့ ငါ့နှလုံးသားတကယ်နာသွားပြီနော်။ "

- အီဟန်က စိတ်ပျက်လက်ပျက်ခေါင်းယမ်းလိုက်ကာ ဆက်လက်ရှာဖွေနေခဲ့သည်။ ကောင်လေးကတော့ထသွားကာ အီဟန်တစ်ယောက်တည်းအိမ်ရှေ့ခန်းတွင်ကျန်နေခဲ့သည်။ -

" မင်းတစ်ခုခုစားဦးမလား အီဟန်။ "

- ဝိညာဥ်ကောင်လေးအိမ်ရှေ့ထွက်လာတော့ အီဟန်ကလက်ပ်တော့ပ်ကိုဖွင့်ထားကာ ထိုစားပွဲပေါ်သို့လက်တင်ပြီးအိပ်ပျော်နေခဲ့သည်။ ကောင်လေးလည်းသက်ပြင်းချကာ အပေါ်ထပ်သို့တက်သွားခဲ့ပြီး စောင်တစ်ထည်ယူကာပြန်ဆင်းလာခဲ့ပြီး အီဟန့်ကိုခြုံပေးလိုက်သည်။ -

FATE ( When cherry blossom again ) ( Completed )Where stories live. Discover now