စစ်သူကြီးကတော်ဖြစ်လာခြင်း
Part 28
____________
တစ်နိုင်ငံလုံးက ၀မ်းနည်းရတဲ့နေ့လေးပါတကား ဈေးမှာလည်းလူတွေမစည်တော့သလိုမျိုး ဆိုင်တွေကလည်းပိတ်ထားကြလေပြီ လူအများစုကတော့ ပန်းတစ်ယောက်တစ်ပွင့်စီကိုင်လို့ မယ်တော်ကြီးရဲ့နန်းဆောင်နဲ့ မျက်နှာချင်းဆိုင်ဖြစ်နေတဲ့အရှေ့တံခါးမှာ ပန်းတွေပုံထားကြလေပြီ ။"မီးသဂြိုလ်ရအောင် မင်းကြီး"
"...."
မင်းကြီးမှာသက်ပြင်းချလို့ ဘေးနားကနေကမ်းပေးလာတဲ့
မီးတုတ်ကိုယူလို့ ထင်းတွေပုံထားတဲ့ နေရာမှာ မီးတုတ်ကိုချလိုက်သည် မီးတုတ်တွေစုထားတဲ့အပေါ်မှာ စင်တစ်ခုရှိတယ်အဲ့စင်ပေါ်မှာမှ အမျိုးသမီးတစ်ယောက်ကတော့ ငြိမ်းချမ်းစွာနဲ့အိပ်စက်နေလျက် မီးတွေကလည်းတစ်ဖြည်းဖြည်းလောင်ကျွမ်းနေလေပြီ ။"လောင်၀မ်"
"အင်း"
"ဘာလို့စင်ကြီးခံတာလဲဟင်"
"တော်ဝင်မိသားစုတွေကို သဂြိုလ်ရင်အဲ့လိုပဲ"
"အော်...."
ရှောင်ကျန့်တိတ်သွားလို့ လောင်၀မ့်ဘက်ကိုပြန်ကြည့်သည် ။
"လောင်၀မ်"
"အင်း"
"ဘာမှမကျွေးဘူးလားဟင်"
"...."
"ကျန့်ကျန့်မနက်ထဲကလိုက်လာရတာ ဘာမှမစားရသေးဘူး"
"နောက်ပြီး ကျွေးလိုက်မယ် တိတ်တိတ်နေ"
"...."
ရှောင်ကျန့်စူပုတ်ပုတ်လေးနဲ့ လောင်၀မ့်ဘေးနားမှာရပ်နေလိုက်သည် တကယ်ပါပဲ မနေ့ထဲက မယ်တော်ကြီးဆုံးသွားတာကို တစ်တိုင်းပြည်လုံးကမုန့်ဆိုင်တွေအကုန်ပိတ် သူ့ဘာသာသူသေတာလေ မုန့်ဆိုင်တွေကဘာလို့ပိတ်တာတုန်း။
"ကဲ.....အကုန်လုံးပဲ စားကြသောက်ကြပါတော့ ကျုပ်ကတော့
စားချင်စိတ်မရှိလို့ ခွင့်ပြုပါ""ဟုတ်ကဲ့ မင်းကြီး"
နေရာထိုင်ခင်းတွေပေးပြီးတဲ့နောက်မှာ ရှောင်ကျန့်ရှေ့ကို
နို့ဆန်ပြုတ်လာပို့ပေးသည် လောင်၀မ့်ရှေ့ကိုကြည့်ပြန်တော့လည်း ဒီဆန်ပြုတ်ပဲ ကျန်တဲ့သူတွေကိုလည်းလိုက်ကြည့်တော့လည်း ဒီဆန်ပြုတ်ပဲ ။