Ep - 16

1.7K 123 2
                                    

( Unicode )
-
-
-
နွေခါး fashion show တစ်ခုကိုရောက်နေသည်။ သူ့အနေဆိုနဲ့ဒီလိုပွဲမျိုးက လုံးဝမသက်ဆိုင်သည့်နေရာဆိုပေမယ့် model ကို ရည်းစားတော်ထားရတော့ လက်မှတ်တောင်
အလကားရထားသည်။

နာမည်ကြီးဒီဇိုင်းနာ M ၏ပွဲဖြစ်ပြီ ခါလွန်မိုးက runway လျှောက်မယ့် model စာရင်းထဲတွင်တစ်ဦးအပါအဝင်ပင်။

' ဟန်နီ ပွဲကမစသေးဘူးလား '

ဖုန်းကိုဖွင့်လိုက်ကာ ခါလွန်မိုးဆီနွေခါးစာလှမ်းပို့လိုက်သည်။ ခါလွန်မိုးကအနောက်မှာ ပြင်ဆင်နေရတာမို့ မသိတဲ့လူတွေကြားထဲ နွေခါးမှာ ယောင်လည်လည်နဲ့တစ်ယောက်တည်းသာ။

' ခဏနေစတော့မှာ ဖိုက်တင်း ခဏသည်းခံထား '

runway လျှောက်မယ့် model က ထိုင်ကြည့်မယ့်လူကိုပြန်ပြီ အားပေးစကားပြောနေရသည်။ မဟုတ်ရင် ပွဲထဲကနေထွက်ပြေးသွားမှ ဒုက္ခ။ နွေခါးကလူများတဲ့နေရာကိုရောက်ရင် စိတ်ရှုပ်တက်မှန်းသိပေမယ့် ကြိမ်ဖန်များလာရင်တော့ ကျင့်သားရသွားဖို့ မျှော်လင့်မိသည်။ လူဆိုတာ ပတ်ဝန်းကျင်နဲ့ကွဲထွက်ပြီ တစ်ယောက်တည်းရှင်သန်လို့မှမရတာ။နွေခါးကိုသူ့အပြင် တစ်ခြားသောလူတွေနဲ့ပါ ခင်မင်ရင်းနှီးစေချင်သည်။

ပွဲစတာနဲ့ ပျင်းရိပျင်းတွဲဖြစ်နေတဲ့ နွေခါးရဲ့မျက်လုံးတွေက တလတ်လတ်ဖြစ်သွားသည်။ ပထမဆုံးထွက်လာတဲ့ model က ခါလွန်မိုးမဟုတ်တော့ စိတ်ပျက်လက်ပျက်ဖြစ်သွားပြန်ပြီ။ နှစ်ယောက်မြောက်လည်းမဟုတ်၊သုံးယောက်မြောက်လည်းမဟုတ်၊လေးယောက်မြောက်လည်းမဟုတ် အခုထိ သူ့ရည်းစားလေးထွက်မလာသေးတော့ နွေခါး လည်ပင်းတော်တော်ရှည်နေပါပြီ။

" ဟန်နီ... "

သူ့ဟန်နီထွက်လာတာကိုလည်းမြင်ကော နွေခါးမျက်နှာချက်ချင်းကို ပြုံးရွှင်သွားကာ ဖုန်းတစ်လုံးနဲ့ ဓာတ်ပုံရိုက်လိုက်၊ Vidoes ရိုက်လိုက်နဲ့ တစ်ယောက်တည်း ရှုပ်ယှက်ခတ်နေ
တော့သည်။

runway လျှောက်နေတဲ့ ခါလွန်မိုးရဲ့မျက်နှာက ကျောက်သားကဲ့သို့မာကျောနေသည်။ နွေးထွေးတဲ့အပြုံးလေးတွေနဲ့ အမြဲတမ်းပြုံးရယ်နေတက်တဲ့ ခါလွန်မိုးဆိုတာဘယ်နားရောက်နေမှန်းတောင်မသိ။

Pretty Man [ Complete ]Where stories live. Discover now