အစပိုင်းရှိ လှုပ်ရှားမှုများက ရိုးရှင်းပြီး ပထမ အသံတွဲလေးခုကို လျင်မြန်စွာ သင်ယူနိုင်ခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ သင်တန်းသားများ၏အမူအရာက ပိုပို၍ တုန်လှုပ်လာသည်။

ဤအကြောင်းကို သူတို့ ပိုတွေးလေလေ၊ ဤကြယ်အလင်းတန်း အကဲဖြတ်သူက ဟန်ပြကြွားရုံတင်မဟုတ်ဘဲ သူတို့ကို တကယ်ကို သင်ပေးနေပုံရသည်ကို ပိုသိလာလေလေပါပင်။

ဆရာ့ဗီဒီယိုကို မကြည့်ဘဲ လှုပ်ရှားမှုများကို အလွန်ရှင်းလင်းစွာ ခွဲခြမ်းစိတ်ဖြာနိုင်ခဲ့သည်။ပိုင်ရဲ့ကဲ့သို့ပင်၊ သူက အကတစ်ခုလုံးကို ကြိုတင်လေ့လာထားပြီးဖြစ်သည်မှာ ထင်ရှားသည်။

ထို့အပြင်၊ ခွန်အား၊ တိကျမှုနှင့် လက်မောင်းကို မြှောက်လိုက်သည့် ထောင့်သည် ပရော်ဖက်ရှင်နယ် ဆရာတစ်ဦးနှင့် အတူတူပင်။ သန့်ရှင်းသပ်ရပ်နေသည်။လှုပ်ရှားမှုများမှာ သိသာထင်ရှားပြီး ကိုယ်ကိုတွန့်ပုံ နှင့် အတေအထားထိန်းချုပ်မှုတို့က ၎င်းကို လွယ်ကူစွာ ကိုင်တွယ်ဖြေရှင်းနိုင်သည်။ဤသည်က အသစ်လေးတွေ လုပ်နိုင်သည့် အရာမဟုတ်သည်က သေချာ၏။

သူတို့ထက် အများကြီး ပိုသန်မာသည် ပြောရပေမည်။

အကမှာအားနည်းသော  Aအတန်းမှ ကျောင်းသားများနှင့်ပင် ယှဉ်ပြိုင်နိုင်သည်။

သင်တန်းသား ရှစ်ဦး  ယုံကြည်လက်ခံသွားခဲ့သည်။ ထိုမှသာ သူတို့သည် မှန်ထဲတွင် ချီရှင်းချန်ကို စတင်ကြည့်ရှုပြီး သူ၏ လှုပ်ရှားမှုများကို အလေးအနက်ထားကာ တစ်ခုပြီးတစ်ခု ကျက်မှတ်လိုက်ကြသည်။

လေ့ကျင့်နေချိန်ဆိုလျှင် အချိန်က အမြဲတမ်း မြန်လေသည်။ပဓာနတေးသွား၏ ပထမအပိုင်းကို သင်ယူပြီးချိန်မှာမွန်းလွဲ ၁ နာရီ ၂၀ လောက်ရှိနေပြီဖြစ်၏။Fအတန်းမှ အခြားသင်တန်းသား များ လေ့ကျင့်ရေးခန်းထဲသို့ ဖြည်းညှင်းစွာ ဝင်လာကြသည်။

သူတို့က အုပ်စုကိုယ်စီဖြင့် တစ်ချို့က တဟားဟားရယ်နေသည်၊ တစ်ချို့က သူတို့၏ WeChat Moments ကို ကြည့်နေကြသည်၊ သူငယ်ချင်းတစ်ယောက်နှင့် အသံချတ်ကတစ်ဆင့် စကားပြောနေသည့်သူပင် ရှိသေး၏။ ကင်မရာကိုမြင်သောအခါတွင် ဖုန်းကို အမြန်သိမ်းထားလိုက်ကြသည်။

ကူးပြောင်းပြီးနောက်အမြောက်စာမိသားစုကိုငါရလိုက်တယ်Tahanan ng mga kuwento. Tumuklas ngayon