Ep - 10

1.8K 129 0
                                    

အပိုင်း ( ၁၀ )
-
-
-

" ဒီနေ့လည်း မင်းတစ်ယောက်တည်းလား။ သူငယ်ချင်းရှာဖို့အစီအစဉ်မရှိတော့ဘူးလား နွေခါး "

Laptop တစ်လုံးနဲ့အလုပ်ရှုပ်နေတဲ့ နွေခါးရဲ့အရှေ့မှာ ခါလွန်မိုးဝင်ထိုင်လိုက်သည်။

" ကျွန်တော်မှာဟန်နီရှိတယ်လေ...တစ်ယောက်တည်းမဟုတ်ဘူးဗျ "

နွေခါးကသူ့ laptop ကိုပိတ်နေရင်း ခါလွန်မိုးမျက်နှာကိုကြည့်ကာပြော၏။

" မျက်နှာရူး "

ဘယ်လိုပဲအပြောခံရခံရ နွေခါးတို့ကခါလွန်မိုးမျက်နှာကိုတစ်ရွာထင်ကာ တစိမ့်စိမ့်ငေးကြည့်နေပြီ အပြုံးကိုမပျက်။ အရှက်အကြောက်ကြီးတဲ့ introvert ဆိုတာကတစ်ခြားလူတွေအရှေ့မှာသာ ခါလွန်မိုးအရှေ့မှာဆို ရှက်ကြောတောင်ပျက်နေပြီလား အောက်မေ့ရတယ်။

" ဟန်နီကလှလိုက်တာဗျာ...တစ်နေကုန်ဟန်နီကိုပဲ ထိုင်ကြည့်နေလို့မရဘူးလား "

" အင်း။ ကြည့်လို့မရဘူး "

" ဒီလိုဆို ကျွန်တော်ဝမ်းနည်းသွားပြီဗျ "

ခါလွန်မိုးရယ်ချင်စိတ်ကိုထိန်းမနိုင်တော့ပဲ အသံထွက်တဲ့အထိရယ်မိသည်။ လုံးဝမထင်မှတ်ထားတဲ့ ပုံစံမျိုးတွေလည်း ဒီကောင်လေးမှာရှိတာပဲ။ ဒါပေမယ့်...ဒါတွေက သူတစ်ယောက်တည်းသာမြင်နိုင်မယ့် ပုံစံမျိုးတွေဆိုတာကတော့ သေချာပါတယ်။

နွေခါးသူ့ကိုလိုက်ပုံက ရိုးရှင်းတဲ့နည်းလမ်းတွေနဲ့ပဲဆိုပေမယ့် သူ့နှလုံးသားကတဖြည်းဖြည်းနဲ့ အသိမှတ်ပြုနေပြီ။

" ဟန်နီ "

" ပြော "

" တံခါးလေးဖွင့်ပေးလို့ရမလားဗျ "

သူတို့ထိုင်နေတဲ့အနီးအနားမှာ ဘာတံခါးမှလဲမရှိတာကြောင့် ခါလွန်မိုးကြောင်သွားသည်။ ခေါင်းကိုဟိုဘက်လှည့်ဒီဘက်လှည့်ကြည့်ကာ တံခါးမြန်းရှိနေမလားလို့ လိုက်တောင်ရှာကြည့်မိသေးသည်။

" ဘယ်တံခါးလဲ "

" ဟန်နီနှလုံးသားတံခါးလေးကိုလေ... ဒါမှကျွန်တော်ဝင်လာလို့ရမှာ "

Pretty Man [ Complete ]Where stories live. Discover now