Ep - 6

2.2K 162 3
                                    

( Unicode )
-
-
-

NOOR international Private University.

ဒီနေ့ဆိုနွေခါး တက္ကသိုလ်တက်တာ ၂ပတ်မြှောက်နေ့ပဲ။ ခါတိုင်းနေ့တွေလိုပဲ ပုံမှန်အတိုင်း ကျောင်းဝန်းထဲကို လမ်းလျှောက်ဝင်လာခဲ့သည်။ ရုတ်တရက်ကြီး သူ့အမြင်အာရုံတွေက ကျောင်းမြက်ခင်းပြင်ပေါ်မှာရပ်နေတဲ့ လူဆီရောက်သွားကာ အသက်ရှူနှုန်းတွေမြန်ဆန်လာသည်။ ဟုတ်ပါသည် ထိုလူက ခါလွန်မိုးပဲ။

ခါလွန်မိုးကတော့သူ့ကိုတွေ့ပုံမရ ကင်မရာတစ်လုံးနဲ့ ဘာတွေရိုက်လို့ရိုက်နေမှန်းမသိ။ ခါလွန်မိုးတစ်ချက်တစ်ချက်ပြုံးသွားတဲ့အခါဆို နွေခါးရဲ့မျက်ဝန်းတွေကလည်း အရောင်လတ်သွားကာ အလိုလိုလိုက်ငေးကြည့်နေမိ၏။ ခါတိုင်းလို ဆံပင်အမဲနဲ့မဟုတ်ပဲ အဖြူရောင်ဆိုးထားတာကြောင့် အရင်တုန်းကထက်တောင်တောက်ပကာ မျက်နှာလေးကကြည်လင်နေ၏။ လှလိုက်တာလှလိုက်တာလို့ အကြိမ်ကြိမ်တွေးမိသည့်အထိပင်။

" မင်းတော့ ရူးနေပြီပဲ နွေခါး!! "

လွန်ခဲ့တဲ့နှစ်လလုံးလုံးလည်း ခါလွန်မိုးကိုတစ်ရက်ကလေးတောင်မေ့လို့မရခဲ့။ မိန်းကလေးမဟုတ်မှန်းသိတာတောင်လေ...။ အခုမထင်မှတ်ပဲ ကျောင်းတူနေလို့ပြန်တွေ့တော့လည်း ရင်ခုန်သံတွေကို ထိန်းချုပ်မရပြန်။

" စီနီယာခါလွန်ကလှလိုက်တာဟယ် "

" ဟုတ်ပါ့။ ဒီမျက်နှာလေးကိုမြင်နေရဖို့ ငါကျောင်းနေ့တိုင်းလာနေတာလေ "

ဘေးနားကကောင်မလေးတွေပြောနေကြသည့် စကားတွေကို နွေခါးအကုန်ကြားနေရသည်။ သူတို့ကိုယ်တိုင်ကမိန်းကလေးတွေဖြစ်ပါလျက်နဲ့ ဒီအမျိုးသားကို လှတယ်လို့သုံးနှုန်းနေကြတာပဲ။

အလိုလိုနေရင်း ဒေါသထွက်လာတယ်။ ခင်ဗျားအမေကဘာလို့ခင်ဗျားကို လူတိုင်းငေးကြည်ချင်စရာ မျက်နှာမျိုးနဲ့မွေးထားပေးတာလဲ။ ခင်ဗျားကြောင့်ကျွန်တော့်ရဲ့ပုန်းကွယ်နေတဲ့ အတ္တတွေနိုးထလာတဲ့အခါ ပင်ပန်းရတဲ့လူက ခင်ဗျားပဲဖြစ်လိမ့်မယ် ခါလွန်မိုး။

" နောက်မှတွေ့ကြတာပေါ့...ဟန်နီ "

ခါလွန်မိုးရှိရာကိုတစ်ချက်ကြည့်လိုက်ပြီး တစ်ယောက်တည်းတိုးတိုးလေးရေရွတ်ကာ နွေခါးထိုနေရာကနေထွက်လာခဲ့သည်။ တက္ကသိုလ်သာရောက်သွားတယ် သူ့ဘဝကဘာမှမပြောင်းလဲ အရင်ကလိုပဲတစ်ယောက်တည်းသီးသန့်နေတက်ပြီ သူငယ်ချင်းအပေါင်းအသင်းဆိုတာမရှိ။

Pretty Man [ Complete ]Where stories live. Discover now