"..."

"သွားပြီနော်...ပိုက်ဆံယူလာဖို့မမေ့နဲ့နော်"

"..."

ရှောင်ကျန့်ကခုန်ပေါက်လို့ထွက်သွားလေပြီ စစ်သူကြီး၀မ်ရီလိုက်တယ် ဘယ်လိုဟာလေးပါလိမ့် သူကများရည်းစားဘ၀ရချင်တယ်တဲ့လေ ။

ရှောင်ကျန့်ထွက်သွားပြီးတော့ တစ်နာရီလောက်နေမှပဲ စစ်သသူကြီး၀မ်ထကာ ရေချိုးလိုက်ပြီး အကျီအသစ်တွေယူ၀တ်လိုက်တယ် ပုံမှန်၀တ်နေကျမဟုတ်ဘဲနဲ့ အရင်လိုမျိုးပဲပြန်ဝတ်လိုက်သည် တော်သေးတယ် အကျီတွေကမသေးသေးဘူး ဆံပင်ကိုအမြဲတမ်းထုံးထားတတ်တာကြောင့် ဖြည်ချကာ
စည်းနှောင်လိုက်တယ်။

"ဟာ...စစ်သူကြီး၀မ်..."

"အင်း..."

"အရင်တုန်းက အကျီတွေပြန်ဝတ်နေတာလား"

"အင်း"

"ဒီလိုလေးကျတော့လေ စစ်သူကြီး၀မ် အိမ်ထောင်မကျခင်
တစ်နှစ်ကျော်ကလူပျိုလေးကိုပြန်မြင်လိုက်ရသလိုပဲ"

"ကျွန်‌တော်သွားစရာရှိတယ် သွားပြီနော်"

"ဟုတ်ကဲ့ပါဗျာ"

စစ်သူကြီး၀မ် အရင်တုန်းက အကျီလေးတွေပြန်ဝတ်နေတာကိုတွေ့တော့ အိမ်တော်ထိန်းကြီးမှာတစ်ပြုံးပြုံး လူပျိုဘ၀တုန်းကဆိုရင်အရမ်းကိုတက်ကြွနေတဲ့ကောင်လေး ။
.......

"ဘာလို့မလာသေးတာလဲမသိဘူး"

"...."

ရှောင်ကျန့်မှာ ရှောင်းအိမ်တော်ကိုပြန်ရောက်လာလို့ အိမ်တံခါးကိုကြည့်ကာ မျှော်နေတာ တစ်နာရီလောက်ရှိနေပြီ
ဟုတ်သားပဲ လောင်၀မ်နဲ့ချိန်းထားတာပဲကို အကျီလေးလဲဦးမှပဲ ။

"ပါး ကျန့်ကျန့်အကျီတွေရှိသေးလား"

"စစ်သူကြီးအိမ်တော်မှာမဟုတ်ဘူးလား"

"ဟုတ်တယ်လေ...အခု ဒီက ကျန့်ကျန့်အကျီတွေ၀တ်ချင်လို့"

"ဘယ်ရှိမှာလဲ...အဲ့တာအဟောင်းတွေဆိုပြီး ပါး ပေးလိုက်ပြီ
မင်းကိုကအိမ်ထောင်ကျသွားပြီမို့လို့ အကျီအသစ်တွေ၀ယ်ပေးလိုက်တာလေ"

"ဟွန်း...တကယ်ပါပဲ ရည်းစားလေးက လာခေါ်ပါ့မယ်ဆိုနေမှ"

"ဘာ...ဘာပြောတယ် ရည်းစားဟုတ်လား!"

စစ်သူကြီးကတော်ဖြစ်လာခြင်း (Complete)Where stories live. Discover now