ကျီကျန်းဇယ်လေး ဘာမှဆက်မပြောရဲတော့ပဲ ခေါင်းလေးငုံ့သွားတယ်။

ယဲ့ကျန်းကျန်းက သူ့ခေါင်းလေးကို ပြန်ဆွဲမော့လိုက်ပြီး

"ဘာမှမဖြစ်ပါဘူး သားရဲ့။ မယ်တော် သေရည်နည်းနည်းသောက်ထားလို့ မူးနေတာ...... အရှင်မင်းကြီး ကလေးကို ကောင်းကောင်း ပြောလို့ မရဘူးလား"

ကျီကျန်းဇယ် သူ့မယ်တော်ရင်ခွင်ထဲ တိုးဝင်ပြီး ဖက်ထားတယ်။

သေရည်တွေ သောက်ပြီး မူးနေတဲ့ သူမမျက်နှာလေးကို ကြည့်ရင်း ကျီဝူကျိုး သူ့ရဲ့ ရည်မှန်းချက်ကြီး တစ်ခုကို သတိရသွားတယ်။ အဲ့တာကတော့ နဂါးပလ္လင်မှာ သူမလေးနဲ့ ချစ်ပွဲဆင်ဖို့ ဖြစ်တယ်။

သူတို့ကြားက အရှုပ်ထုပ်လေးကို ကြည့်လိုက်ရင်း ဒီဟာလေးသာ မရှိရင်ကောင်းမှာပဲလို့ တွေးလိုက်မိတယ်။ ဒါကြောင့်ပဲ ကျီဝူကျိုး အထိန်းတော်ကူးကူးကို ဆင့်ခေါ်ပြီး ကလေးကို ပြန်ခေါ်သွားခိုင်းလိုက်တော့တယ်။

အထိန်းတော်ကူးကူးရဲ့လက်ထဲ မျက်ရည်အဝိုင်းသားနဲ့ သမင်လည်ပြန်ကြည့်ရင်း နောက်ဆုံးတော့ ခန်းမဆောင်ထဲက ထွက်သွားရတော့တယ်။ ယဲ့ကျန်းကျန်း စိတ်ရှုပ်လာတယ်။

"ဘာဖြစ်လို့လဲ"

ကျီဝူကျိုး သူမပုခုံးလေးကို ကိုင်လိုက်ပြီး

"ကျန်းကျန်း ကိုယ် မင်းနဲ့ ပြောစရာရှိတယ်"

"ဘယ်ဟာလဲ"

စားပွဲပေါ်က စာရင်းစာအုပ်တွေကို ယူလိုက်ပြီး

"ကိုယ့်ကို ဒါတွေ ကူစစ်ပေးပါဦး"

ထင်ထားတဲ့အတိုင်းပဲ ယဲ့ကျန်းကျန်း တကယ်ကြီး စာရင်းစာအုပ်တွေကို ဖွင့်စစ်နေတော့တယ်။

ကျီဝူကျိုးရဲ့လက်က အောက်ကို ဆင်းသွားပြီး သူမချိုင်းအောက်ကနေ လျှိုဝင်ကာ ရင်ဘတ်မှာ ရပ်သွားတယ်။ ထို့နောက် သူမရဲ့တောင်ပို့လေးကို ပွတ်သပ်နေတယ်။

ယဲ့ကျန်းကျန်း သေရည်သောက်ထားတာကြောင့် သူမတုံ့ပြန်ပုံက အနည်းငယ် နှေးကွေးလေးလံနေတယ်။ ကျီဝူကျိုး အတော်ကြာ ပွတ်သပ်ပေးပြီးနောက်မှာမှ သူမဘက်ကလည်း တုန့်ပြန်လာပြီး သူ့ကျီစယ်မှုအောက်မှာ အသက်ရှုသံတွေ မငြိမ်မသက်ဖြစ်လာတယ်။

ရွှေနန်းထက်က ဧကရီ (Complete ✅)Where stories live. Discover now