အပိုင်း ၃၄

Start from the beginning
                                    

''ထွန်းနိုင်...''

ထွန်းနိုင်ဆိုတဲ့နာမည်ကိုရေရွတ်လိုက်သည်နှင့်ခတ္တာအာရုံထဲပေါ်လာသည့်လူတစ်ယောက်ရဲ့ပုံရိပ်တွေ ရယ်သံတွေကြောင့် ခတ္တာလက်များတင်းကြပ်နေအောင်ကျစ်ကျစ်ပါသည်အထိဆုပ်ထားမိသည်။ဦးနှောက်ထဲမြင်ကွင်းတချို့ဟာ ခတ္တာအားရင်ဘတ်ကိုရိုက်ခတ်လာသည်။

(ခတ္တာအဖြစ်ပြန်လည်မွေးဖွားခြင်း)

''ဆရာ''

ခတ္တာ ကျောင်းစိမ်းအင်္ကျီလေးကိုသပ်ရပ်စွာဝတ်ထားရင်း ဆရာ့ရဲ့အိမ်ရှေ့တွင်ရပ်ကာအထဲမှဆရာထွန်းနိုင်အား လှမ်းခေါ်နေမိသည်။

''လာပြီ ခတ္တာလေး''

ခတ္တာ အိမ်ထဲကထွက်လာသည့် ဆရာ့ကိုကြည့်မိရင်းရင်တွေခုန်နေမိ၏။ဆရာဟာ ဖျင်အင်္ကျီ အကွက်နှင့် အကွက်ကြီးပုဆိုးအားတွဲဖက်ဝတ်ဆင်ထားသောကြောင့်ခတ္တာမျက်လုံးထဲအရမ်းပင်ကြည့်ကောင်းလွန်းနေသည်။

''သွားကြတာပေါ့''

ဆရာဟာခတ္တာပုခုံးပေါ်သို့လက်တင်ပြီးခတ္တာနှင့်အတူတူဘေးကနေယှဥ်၍လမ်းလျှောက်ကာကျောင်းသို့သွား၏။ ခတ္တာရဲ့တနေ့တာအပျော်ရွှင်ရဆုံးအချိန်တွေကဆရာ့ဆီကဆင်းသက်လာသည်။

ခတ္တာနှင့်ဆရာသိကျွမ်းတာ အထက်တန်းပထမနှစ်ကစ၍ယခုနှစ်တွင်သုံးနှစ်ရှိခဲ့ပြီဖြစ်သည်။ဆရာကမြို့ပေါ်ကလာသည့်ကျောင်းဆရာဖြစ်ပြီး ခတ္တာတို့ရဲ့မြို့တွင်တာဝန်ကျသည်။ ခတ္တာနှင့်ဆရာဟာတရွာတည်းဖြစ်ပြီး ရွာနှင့် မြို့သိပ်မဝေးသည်မလို့ ကျောင်းသွားတူတူ ကျောင်းပြန်တူတူဖြစ်၏။

ခတ္တာအား ဆရာကအရမ်းဂရုစိုက်ပေးသည်။ကျောင်းတွင်လည်းသူနဲ့အတူတူထမင်းစားစေပြီးကျောင်းပိတ်ရက်များတွင်လည်းသူ့ရဲ့အိမ်တွင် စာလုပ်စေသည်။တစ်ခါတစ်ရံခတ္တာလိုအပ်သမျှစာရေးကိရိယာနှင့်ဖတ်စာအုပ်များအားဝယ်ပေး၍ဆရာချက်သမျှဟင်းလဲခတ္တာအမြဲစားရသည်။

အခြားသူများခတ္တာကို 'မိန်းမလျာလေး' 'အခြောက်ကလေး' ဟု စ၍ ပြောဆိုသည့်အခါတွင် ဆရာကခတ္တာဘက်တွင်နေပေးပြီး ခတ္တာအားကာကွယ်ပေးသည်။ထိုအခါ ဆရာပါ ခတ္တာကြောင့်လူတွေသမုတ်ခြင်းပြောဆိုကဲ့ရဲ့ခြင်းကိုခံခဲ့ရသည်။ဒါလိုများဖြစ်သွားလို့လူတွေဟာ ဆရာ့ကိုခတ္တာနဲ့နီးနီးကပ်ကပ်မနေရန် သတိမူရန်ပြောပါသော်လည်းဆရာကတော့ဂရုမစိုက်ပဲခတ္တာအနားမှာပဲဂရုတစိုက်ရှိပေး၏။

Rebirth As Khattar (ခတ္တာအဖြစ်ပြန်လည်မွေးဖွားခြင်း)Completed Where stories live. Discover now