"ကျန်းကျန်း ဒေါသ မထွက်ပါနဲ့တော့နော်"

ယဲ့ကျန်းကျန်း မသက်မသာနဲ့ပဲ သူမကိုယ့်ကို ရွှေ့လိုက်ရင်း

"ဘယ်သူက လာဟန်ဆောင်နေတာလဲ"

"ကိုယ်ပါ၊ ဟန်ဆောင်နေတဲ့သူက ကိုယ်ပါ၊ ဟုတ်ပြီလား"

ကျီဝူကျိုး သူမကို တင်းတင်းဖက်ထားလိုက်ကာ

"မလှုပ်နဲ့တော့၊ ဆက်လုပ်နေရင် ကိုယ် မင်းကို စားပစ်လိုက်မှာ"

ယဲ့ကျန်းကျန်း မလှုပ်တော့ဘူး။ အဲ့အချိန်မှာပဲ သူမဗိုက်ကနေ ဂွီကနဲ အသံမြည်လာတယ်။

ထမင်းစားဖို့က သူမအတွက် ဘယ်လောက်အရေးပါမှန်း ကျီဝူကျိုး သိတယ်။ ဒီတော့ အမြန်ပဲ အိပ်ရာက ထ၊ မျက်နှာသစ်ပြု၊ အဝတ်အစားလဲကာ သူမနဲ့အတူ မနက်စာ စားလိုက်ကြတယ်။

မနက်စာစားပြီးတဲ့အခါ ကျီဝူကျိုးက ထွက်သွားတော့မယ့်ဟန် ပြင်လိုက်တယ်။ တံခါးမကြီးနားရောက်တဲ့အခါမှ ယဲ့ကျန်းကျန်းက လှမ်းမေးလာတယ်။

"အဲ့ပိုင်ရှန်းရူက ..."

တံခါးဝကို ခြေလှမ်းပြင်နေတဲ့ ကျီဝူကျိုးခြေထောက်တွေက ပြန်လှည့်လာတယ်။ ထို့နောက် သူ ထိုင်လိုက်ပြီး ပြုံးရင်း

"နောက်ဆုံးတော့ မင်း မေးလာပြီပေါ့"

ယဲ့ကျန်းကျန်း သူ့အကြည့်ကို ရှောင်လိုက်ရင်း

"ကျွန်တော်မျိုးမ မမေးရင် အရှင်မင်းကြီးက မပြောပြတော့ဘူးလား"

"ကိုယ် မပြောရင် မင်းကကော မမေးတော့ဘူးလား"

သူမ ခေါင်းငုံ့သွားပြီး ဘာမှပြန်မဖြေလာချေ။

ကျီဝူကျိုး မတ်တတ်ရပ်လိုက်ပြီး သူမပခုံးကို ဆုပ်ကိုင်လိုက်တယ်။ ယဲ့ကျန်းကျန်းက ကုလားထိုင်ပေါ်မှာ ထိုင်နေတာ‌ကြောင့် သူမမျက်နှာက သူ့ဗိုက်ကို သွားထိနေပြီး နေရအဆင်မပြေပေမဲ့လည်း သူနဲ့ မခွဲချင်တာကြောင့် အဲ့အတိုင်းပဲ နေနေလိုက်တယ်။ မျက်စိကို မှိတ်ထားရင်း ဘာစကားမှ မပြောဖြစ်ခဲ့ဘူး။

ရွှေနန်းထက်က ဧကရီ (Complete ✅)Where stories live. Discover now