သူမအဖိုးက သူမကို ကြည့်ပဲကြည့်နေပြီး ဘာမှမပြောလာတာ ယဲ့ကျန်းကျန်း သတိထားမိတော့ စိတ်ထဲ တစ်ခုခုများ ဖြစ်သလား ထင်မိသွားတယ်။

"အဖိုး သမီးကို ဘာပြောမလို့လဲ"

ယဲ့ရှိုးမင်ရဲ့မျက်လုံးတွေက အနည်းငယ် နီရဲသွားပြီး

"ကျန်းကျန်း အဖိုး မြေးလေးအပေါ်  မကောင်းခဲ့ဘူးကွယ်"

အဲ့အချိန်မှာပဲ ကျီဝူကျိုးကလည်း ယဲ့အိမ်တော်ကို ရောက်လာတယ်။ တံခါးမှာ နေရတဲ့ အစေခံက အရှင်မင်းကြီးကို မစောင့်ခိုင်းဝံ့တာကြောင့် ချက်ချင်းပဲ အကြောင်းကြားခိုင်းလိုက်ပြီး သူ့ကို အထဲကို ဖိတ်ခေါ်လိုက်တယ်။ ပင်မတံခါးမကြီးကို သူ ကျော်လိုက်တဲ့အချိန်မှာပဲ ကျန်းကျန်းနဲ့ ယဲ့ရှိုးမင်တို့ ကြာကန်နားမှာ စကားပြောနေတာ လှမ်းတွေ့လိုက်ရတယ်။ ကျီဝူကျိုးရဲ့အမြင်အာရုံက သိပ်ကောင်းတာကြောင့် ယဲ့ရှိုးမင်ရဲ့မျက်နှာအမူအရာက ငိုချင်နေတဲ့မျက်နှာဖြစ်နေတာကို ကောင်းကောင်း မြင်နိုင်တယ်။ မကောင်းတာတစ်ခုခုများ ဖြစ်တာလား စိုးရိမ်သွားတာကြောင့် အစေခံကို တံခါးပေါက်ဆီ ပြန်သွားဖို့ အမိန့်ပေးလိုက်တယ်၊ သူကတော့ နေခဲ့ရင်း မြေးအဖိုးနှစ်ယောက်ပြောတာတွေကို နားစွင့်နေတယ်။

ယဲ့ရှိုးမင် ပြောတာကို သူ ကြားလိုက်ရတယ်။

"အရင်တုန်းက ဂုဏ်ဆိုတဲ့အရာအတွက် မြေးလေးကို နန်းတော်ထဲ ပို့ခဲ့တာ အဖိုးပါပဲ။ မြေးလေးရဲ့ရာထူးအဆင့်အတန်းက မြင့်မားတာကြောင့် ကောင်းကောင်း အဆက်ဆံခံရသင့်တယ်။ ဒါပေမဲ့ တကယ်တမ်းကျ လင်ရယ်မယားရယ်ဖြစ်လာရင် ဒီယောကျာ်းကို တစ်သက်လုံး ပေါင်းသင်းနေထိုင်သွားရမှာလေ။ မြေးလေးရဲ့စိတ်အမူအကျင့်နဲ့ဆို နန်းတော်က စည်းမျဉ်းတွေကို ကြိုက်မှာ မဟုတ်ဘူး။ မြေးလေးရဲ့ အိမ်ထောင်ရေးနဲ့ ခံစားချက်တွေကို အဖိုး ဝင်မစွက်ဖက်ခဲ့သင့်ဘူး"

ဒီစကားတွေကို ကျီဝူကျိုး ကြားတဲ့အခါ နှလုံးသားထဲ မကျေမနပ်ဖြစ်သွားတယ်။ 'ဒါက ဘာသဘောလဲ၊ အရင်ကကျ အတင်းပေးစားတာ ဘယ်သူလဲ၊ အခုကျမှ လာပြီး နောင်တရနေတယ်ပေါ့? သိပ်နောက်ကျသွားပြီ!'

ရွှေနန်းထက်က ဧကရီ (Complete ✅)Where stories live. Discover now