လျိုယွဲ့က ခေါင်းငုံ့လိုက်ပြီး

"လူကြီးမင်း ကျွန်မ နားမလည်ပါဘူး"

"အရင်က နန်းတော်ထဲမှာ ထီးနန်းလုပွဲ ဖြစ်ခဲ့တုန်းက (ကျီဝူကျိုးရဲ့ခမည်းတော်ခေတ်တုန်းကကို ပြောချင်တာပါ။) အိမ်ရှေ့စံက အသက် ၃နှစ်ပဲ ရှိသေးတယ်။ ကံမကောင်းစွာနဲ့ပဲ နန်းလုပွဲမှာ အိမ်ရှေ့စံငယ်လေးက အသတ်ခံလိုက်ရတယ်။ ဒါပေမဲ့ တကယ်တော့ ကလေးငယ်လေးကိုက သူ့ကို အနီးကပ် ခစားရတဲ့သူတွေက လွဲပြီး ဘယ်သူဘယ်ဝါကမှ အတိအကျ ရုပ်ဖမ်းမိတာ မဟုတ်ဘူး။ ဆို‌တော့ကာ လူစားလဲလိုက်ဖို့ကိစ္စက ခက်ခဲတာတော့မဟုတ်ဘူး။ အဲ့ကလေးလေးရဲ့ နာမည်က ကျီလီယို့ပဲ။ သူက နာမည်ပေါင်းများစွာနဲ့ လူတွေကြားထဲ ရောနေရင်း အရွယ်ရောက်လာတဲ့အခါကျ ထီးနန်းကို ပြန်သိမ်းပိုက်ပြီး ဧကရာဇ်နေရာကို လိုချင်လာတယ်။ မင်းတို့တွေ အရင်ဆုံး အတွင်းနန်းဆောင်က အစောင့်ရဲမက်ကို လာဘ်ထိုးကြလိမ့်မယ်၊ ဖြစ်နိုင်တာက အစကတည်းက သူက မင်းတို့လူလည်း ဖြစ်နိုင်တယ်။ ကိုယ်လုပ်တော်တွေကြားက ပဋိပက္ခကို အခွင့်အရေးယူပြီး ဧကရာဇ်ကို လုပ်ကြံဖို့ ကြံစည်ကြတယ်။ အဲ့ဒီနောက် တကယ်လို့ အောင်မြင်သွားခဲ့ရင် ကျီလီယို့ကသာ တစ်ဦးတည်းသော နန်းမွေခံမို့ ဧကရာဇ်အဖြစ် ဆက်ခံနိုင်လိမ့်မယ်။ တကယ်လို့ ရှုံးနိမ့်သွားခဲ့ရင်လည်း ကိုယ်လုပ်တော်ကိုပဲ အပြစ်ပုံချလိုက်ပြီး ခြေရာဖျောက်သွားလို့ရတယ်"

လျိုယွဲ့ ခေါင်းငုံ့ထားပေမဲ့ သူမမျက်ဝန်းတွေက ဆက်တိုက်ကို လှုပ်ရှားနေတယ်။ ကျီဝူကျိုး တချက်ကြည့်လိုက်ပြီးနောက် ဆက်ပြောလာတယ်။

"ဧကရာဇ်ကို လုပ်ကြံနိုင်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ဘူး။ နန်းတော်ကာကွယ်ရေးက တင်းကျပ်ပြီး အင်အားတောင့်တဲ့အပြင် ဧကရာဇ်ဘယ်သွားသွား သူ့ဘေးမှာ ကိုယ်ရံတော်တွေ အမြဲ ဝိုင်းရံနေတယ်။ ဒီတော့ မင်းတို့အနေနဲ့ သတိကြီးကြီး ထားဖို့ လိုခဲ့မယ်။ ဒါပေမဲ့ မင်းတို့ မလုပ်ကြံနိုင်ခဲ့ရင်တောင်မှ ကိစ္စတော့ မရှိပါဘူး။ ကျီလီယို့မှာ အမြဲတမ်း ဒုတိယအကြံအစည်က ရှိနေပြီးသားလေ။ သူ ပုန်ကန်မယ့်ကိစ္စကို ကူညီဖို့ တခြားတိုင်းပြည်တွေနဲ့ ပေါင်းခဲ့ပြီး အောင်မြင်ခဲ့ရင် အကျိုးအမြတ် ခွဲဝေပေးဖို့ ကတိပေးခဲ့တယ်။ အဲ့ဒါကြောင့်မို့ သူက ကျီကျိုးမှာကော နွီကျန်းမျိုးနွယ်စုစစ်တပ်မှာကော ပေါ်လာရတာပဲ။ တစ်ခုပဲ သူ တချီစစ်တပ်ကို လျော့တွက်လိုက်မိတာ၊ ဒါကြောင့်မို့ ဒီတစ်ခေါက်မှာ သူ ရှုံးနိမ့်သွားရတာပဲ"

ရွှေနန်းထက်က ဧကရီ (Complete ✅)Where stories live. Discover now