Ep - 3

2.3K 163 3
                                    

( Unicode )
-
-
-

" ဒီနေ့ မိန်းကလေးလို မဝတ်လို့မရဘူးလား။ နှစ်ရက်တောင် ဝတ်ပြီးပြီပဲ တော်ပြီပေါ့ဗျာ "

အပြင်မထွက်မခင် ခါလွန်မိုးကရမလာlဆိုတဲ့ မျှော်လင့်ချက်သေးသေးကလေးဖြစ် သူ့အစ်မသုံးယောက်ကိုပြောကြည့်မိသည်။

" မရဘူး! နင့်ကတိနင်တည်နော် ခါလွန် သင်္ကြန်လေးရက်လုံး မိန်းကလေးလိုနေရမှာ။ လာခဲ့ မိတ်ကပ်လိမ်းပေးမယ်။ "

ပိတောက်မိုးက လူကောင်းသာသေးတာ အသံကစွာလိုက်မှလွန်းရော။ ကျန်ခဲ့အစ်မနှစ်ယောက်တောင်မလို သူတစ်ယောက်တည်းနဲ့တင်ပြီးတယ်။ အစ်မသုံးယောက်ရှိတဲ့ ခါလွန်မိုးရဲ့ဘဝကလေးက အရမ်းကို သနားစရာကောင်းနေပြီ။

ဒီအစ်မသုံးယောက် မြန်မြန်ယောကျာ်းရမှာပဲ အေးမယ်။

" ဒီနေ့ကိုဘုန်း မဏ္ဍပ်ကိုမသွားတော့ဘူး တစ်ခြားမဏ္ဍပ်ပြောင်းကြမယ်။ ညနေကျရင်တော့ ကားနဲ့လည်မယ်။ "

အကြီးမဖြူသွေးမိုးက ဒီနေ့အတွက်အစီစဥ်ကိုပြောနေသည်။

" မရဘူး!!! "

မိတ်ကပ်ပြင်နေရင်း ခါလွန်မိုးက အလန့်တကြားနဲ့ ထအော်တာကြောင့် နှုတ်ခမ်းနီဆိုးပေးနေတဲ့ ပိတော်မိုးခင်များ အကုန်ချော်ထွက်ကုန်တော့သည်။

" ဖြည်းဖြည်းသာသာအော်ပါဟဲ့! ဒီမှာ အကုန်ပေကုန်ပြီ "

" နင်ခဏနေစမ်းပါဦး ပိတောက်ရာ! ဒီနေ့ ကိုဘုန်းမဏ္ဍပ်ကိုပဲသွားမှာနော် မဟုတ်ရင် ကျွန်တော်မလိုက်ဘူး ဒီပုံအတိုင်း အိမ်မှာနေဆိုလိုလည်း နေခဲ့မယ်။ "

" ဟဲ့! နင်မလိုက်လို့ရမလား နင့်ကိုကြပ်ချင်လို့ ငါတို့ကသွားတဲ့ဟာ "

" အေးလေ အဓိကဇာတ်ကောင်မပါပဲ မလတ်တို့ချည်းပဲ ဘာသွားလုပ်ရမှာလဲ "

" အငယ်ကောင်နော် သစ္စာမဖောက်နဲ့။ သင်္ကြန်ဆို နှစ်တိုင်း မောင်နှမလေးယောက် အတူတူလည်နေကြကိုး "

ညီအစ်မသုံးယောက်က ဒါမျိုးကျ အတိုင်အဖောက်ကိုညီနေကြတာပဲ။ သူတို့လက်ချက်ကြောင့် သူတို့မောင်ရဲ့ ရှုံ့မဲ့နေတဲ့မျက်နှာကို မမြင်ရမှာစိုးနေကြပုံသည်။

Pretty Man [ Complete ]Where stories live. Discover now