" ခေါင်းဆောင်အီ .. အဲ့တာဆို ကျွန်တော်တို့ စစ်ဆေးရုံကို ရွှေ့ဖို့လုပ်လိုက်ရမလား ။ ဘယ်လိုလုပ်ရမလဲ "

ဂျဲနိုက စဉ်းစားနေတယ် ။ ဘယ်လိုပဲဖြစ်ဖြစ် ပြောထားတဲ့စကားကို မပြောင်းတာကောင်းလိမ့်မယ်မလား ။

" အင်း ရွှေ့ပြောင်းဖို့ သတင်းပို့ထားလိုက် ။ ပြီးတော့ ကျွန်တော်ဒီမှာ စကားခဏပြောဦးမယ် "

သူ့ကို အလေးပြုပြီး ထွက်သွားတဲ့ တပ်သားတွေကို ဂျဲနိုက လှည့်တောင် မကြည့်ဖြစ်ဘူး ။ အဲ့ဒီအစား အာရုံတွေကို ဂျီဆောင်းဆီကို ပို့လိုက်တယ် ။

" မင်းကလည်း မတွေ့ရတာ လပိုင်းလောက်ရှိတာကို အရပ်က ရှည်ထွက်လာသလိုပဲ "

ဂျီဆောင်းရဲ့ အဖေက ဂျဲနိုရဲ့ အဖေနဲ့ ရာထူးတူတဲ့ တွဲဖက် သူငယ်ချင်း ဗိုလ်ချုပ်ပဲ ။ ဒါကို ခုနက ဆရာဝန် မသိပုံထောက်ရင် ဂျီဆောင်းက ပေးသိထားပုံမပေါ်တာ ဖြစ်နိုင်တယ် ။
ဂျီဆောင်းနဲ့ ဂျဲနိုက အဲ့တာကြောင့်လည်း အိမ်နီးချင်း ဖြစ်နေခဲ့တာလေ ..။

" ဒါနဲ့ ခုနက ဆရာဝန်က တကယ်ပဲ နားချိန်ကို ဒီလို ခွဲခန်းလာဝင်တာလား "

" အင်း သူက GSလေ ။ အထွေထွေခွဲစိတ်က ဌာနမှူး ။ ငယ်ငယ်လေးနဲ့ပေမဲ့ တအားတော်တာ ။ ကျွန်တော်က ဒီရောက်ကတည်းက စီနီယာဂျယ်မင်းဆီ ကပ်နေတော့တာဆိုရင် သူဘယ်လောက်တော်လဲ တွေးမိတယ်မလား ။ ကျွန်တော်တို့ဆီ GSနည်းလို့ emergencyတွေဆိုရင် စီနီယာက နားချိန်ဆိုလည်း ဒီလိုပဲ ခွဲခန်းဝင်တတ်တာ ။ တချို့ရက်တွေဆို ၂၄နာရီလုံး မအိပ်ဘဲနဲ့ ရက်တွေဆက်ပြီး ခွဲခန်းဝင်တာမျိုးတောင်ရှိတယ် ။ ကျွန်တော်က မခံနိုင်တော့ရင် ကျွန်တော့်ကို ထားပြီး နောက် လက်ထောက် ခေါ်သွားတာမျိုး လုပ်တာပါဆို ။ အခုဆိုလည်း သူဂျူတီထဲရောက်နေတာ မနေ့က ဒီအချိန်ကတည်းကကို မနားရသေးတာလေ ။ တကယ် တစ်ရာမှာ တစ်ယောက်မရှိဘူး "

ဂျီဆောင်းက သူမေးတဲ့တစ်ခွန်းကို အခွန်းတစ်ရာလောက် ပြန်ဖြေပြီး အဖြေပေးတယ် ။ ကြည့်ရသလောက် အဲ့ဒီဆရာဝန်ရဲ့ ဘဝက လူနာတွေချည်း ရှိနေသလိုမျိုး ။ ဘဝတစ်ခုလုံးကို လူကယ်ဖို့ အသက်ရှင်နေတဲ့အတိုင်းပဲ .. ပျင်းစရာကောင်းလောက်အောင် ။

Small Doses Where stories live. Discover now