"ကျန့်ကျန့် ဘောလုံးပွဲဒိုင်လုပ်နေတာလေ လောင်၀မ်လည်း
လောင်းလေ "

"...."

လောင်၀မ်ကတိတ်သွားလို့ မျက်နှာကြီးတည်တံ့ကာ
စိုက်ကြည့်နေလေတယ် ဟုတ်သားပဲသူ့ယောကျာ်းက
လောင်းကစားလုပ်တာမကြိုက်ဘူး ။

"သွား!...အကုန်လုံး လေ့ကျင့်ရေးကွင်းကို ၁၀ခေါက်ပတ်ပြေးကြ!..."

"နေပါဦး စစ်သူကြီး၀မ်ရဲ့ ကိုယ်တော် အပြာအသင်းကိုရွေးတယ် ရွှေတုံးတစ်တုံး လောင်းမယ်"

"မင်းကြီး..."

"ဒီလိုမှပေါ့ ဟိုမှာထိုင်ကြည့်နေနော်"

"အင်း"

ရှောင်ကျန့်ကစားဝိုင်းထဲကို မင်းကြီးပါသွားပြန်သည် ရှောင်ကျန့်ကိုကြည့်တော့ အဲ့ဟာလေးကပြုံးပြသည် ။

"လောင်၀မ်ရော ဘယ်အသင်းလဲဟင်"

"..."

"ကျန့်ကျန့်လည်းအပြာအသင်းရွေးထားတာ"

"ဘာဖြစ်လို့လဲ"

"ဟိုမှာကြည့်ပါလား ချောတဲ့သူတွေကြီးပဲ လက်မောင်းကြွက်သားတွေမှအကြီးကြီးပဲ"

"အနီအသင်း"

"တကယ်ကြီးလား"

"အင်း"

"ဘာနဲ့လောင်းမှာလဲ"

"စစ်သူကြီးအိမ်တော်ကငွေတွေနဲ့ "

"ရှုံးသွားရင်ဘယ်လိုလုပ်မလဲ"

"ကိုယ်ရှုံးရင် မင်းကိုအိမ်တော်ရဲ့ငွေတွေပေးမယ် အကုန်လုံး
ကိုယ်နိုင်ခဲ့ရင် မင်းကိုအပြစ်ပေးဖို့လုပ်မယ်"

"ပြီးရော...ကျန့်ကျန့်နိုင်မှာ အနီအသင်းမှတ်လား ဟိုဘက်မှာထိုင်"

"အင်း"

လောင်၀မ်ကဆန့်ကျင်ဘက်အသင်းကိုရွေးလိုက်သည် ဘောလုံးကိုဆက်ကန်နေကြတာ တစ်‌နာရီကြာရင်တစ်ခါနားတယ် ပထမပွဲစဉ်မှာတော့အနီအသင်းကရှုံးသွားတယ်။

"လောင်၀မ်ရှုံးပြီနော်"

"အဟက်!....ကြည့်နေလိုက်ပါ"

"...."

၁၅မိနစ်နားပြီးတဲ့နောက်မှာတော့ ပြန်စတာ ရှောင်ကျန့်လောင်းထားတဲ့ဘက်က ဆက်တိုက်ရှုံးသွားသည် သူတို့က
တစ်ဂိုးပဲသွင်းရသေးတယ် အနီအသင်းက ငါးဂိုးလောက်သွင်းပြီးပြီ ။

စစ်သူကြီးကတော်ဖြစ်လာခြင်း (Complete)Where stories live. Discover now