"စစ်သူကြီး၀မ်သဘောကျမယ်လို့ထင်ပါတယ်"
"မဆိုးပါဘူး...လှပါတယ် ကျေးဇူး"
"စစ်သူကြီး၀မ်သဘောကျလို့ကျွန်မ၀မ်းသာပါတယ်
အဲ့တာကို ဝတ်စုံချုပ်၀တ်နော်မွေးနေ့ကျရင်စစ်သူကြီး၀မ်ကိုအဲ့ဒီ၀တ်စုံနဲ့မြင်စေချင်တယ်""...."
"ကျွန်မထမင်းစားသွားဦးမယ်....စစ်ပွဲထဲမှာ အမြဲတမ်းလိုလို
ပေါက်စီပဲစားရတာ ဒီလိုမျိုးဟင်းကောင်းလေးတွေမတွေ့ရတာကြာပေါ့""အင်း စားချင်ရင်စား"
"ဟုတ်ကဲ့"
"ကျန့်ကျန့် ကျင်းကော်နဲ့သွားဆော့ဦးမယ်နော်"
အစာစားလို့ပြီးသွားပြီ ထိုင်ကာလက်တွေကိုလျှာနဲ့ယပ်နေသော ကျင်းကော်ကိုအသာလေးချီလို့ ရှောင်ကျန့်ကထွက်သွားတယ် အဲ့ထဲမှာနေရတာအပိုလူလိုမျိုးကြီးခံစားနေရ
တယ် အထီးကျန်သလိုမျိုး ခံစားချက်ကြီး ။*ညောင်..*
"မင်းပဲငါ့ကိုနားလည်တယ်ကျင်းကော် မွှ"
ဥယျာဉ်ထဲမှာထိုင်လို့ ကျင်းကော်ကိုပေါင်ပေါ်တင်ကာ အရှေ့ကိုငေးနေလိုက်တယ် သူ့အာရုံထဲမှာ ဒါတွေရှိမနေ ကျင်းကော်ကတော့သူ့ပေါင်ပေါ်မှာမှိန်းနေတယ် လက်နဲ့ကျောကုန်းကိုပွတ်သပ်ပေးတော့ လက်မှာ ကျောက်စိမ်းလက်စွပ်လေးက
အတိုင်းသားရှိနေသည် ။"လောင်၀မ့်အတွက် ဘာမှမ၀ယ်ပေးနိုင်ခဲ့ဘူးပဲ"
သေးသေးမွှားမွှားလေးကအစသူလိုချင်တာတွေအကုန်ရ
နေခဲ့တာ လောင်၀မ့်အတွက် ဘာမှလည်းသူပေးခဲ့တာမရှိဘူး
ဘာပေးရင်ကောင်းမလဲ ။"ကြာပန်းလေးတွေလဲစိုက်လာတယ်နော် အရမ်းလှတာပဲ
စစ်သူကြီး၀မ်ကဒါမျိုးမစိုက်ဘူးမှတ်လားဟင်""....."
အသံကိုကြားရပါပြီ စနှိုက်ကြော်မအသံပင် ရှောင်ကျန့်မသိချင်ယောင်ဆောင်နေလိုက်သည် ။
"ရှောင်ကျန့်"
"...."
"သူမကိုဧည့်ခံရမယ်လေ "
"ဘာလို့လဲ"
"ရှောင်ကျန့်မင်းကဒီအိမ်တော်ရဲ့ အိမ်ရှင်မတစ်ယောက်ပဲလေ
ကိုယ့်စီဧည့်သည်လာတာကိုကြိုဆိုပေးရမယ်"
![](https://img.wattpad.com/cover/364488758-288-k120748.jpg)
Part 21 🦁🐰
Start from the beginning