ရံဖန်ရံခါ ထမင်းမစားရလို့ ဆာလောင်တဲ့ရက်တွေရှိပေမဲ့လို့ အရိုက်ခံရတာထက်စာရင်
တော်ပါသေးရဲ့လို့ အမြဲဖြည့်တွေးခဲ့ဖူးတယ်။တကယ်တော့ ကျွန်တော်ကပဲ
တန်ဖိုးမဲ့ဖို့ လူဖြစ်လာခဲ့တယ်ထင်တာပါပဲ။
ထယ့်မိဘတွေဖြင့် ဒေါ်လေးဆီက အုပ်ထိန်းခွင့်ကို ခက်ခက်ခဲခဲတောင်လွှဲပြောင်းယူစရာမလိုခဲ့ပါဘူး။ပမာဏ အနည်းငယ်လောက် ပိုက်ဆံနဲ့ပဲ
အရောင်းအဝယ်ဖြစ်သွားခဲ့တာလေ။
ထယ်ငယ်ငယ်က
သူ့မေမေကို လက်ညိုးထိုးပူဆာခဲ့သလိုပေါ့။"ထယ်သူ့ကိုလိုချင်လို့ဝယ်ပေးပါလား"
ဆိုတာမျိုးလေ။ထယ့်မေမေအမြဲပြောနေကျစကားတစ်ခွန်းရှိတယ်။
"ငါ့သားအတွက်ငါဘာမဆိုလုပ်ရမှာပဲ"တဲ့။အဲဒီစကားကြားတော့ကျွန်တော့်ကိုယ်ကျွန်တော်လည်း ကတိပေးခဲ့တယ်။
"ထယ့်အတွက်ဆို ဘာမဆိုလုပ်ပေးပါ့မယ်" လို့ပေါ့။•
အစပိုင်းမှာတော့ကျွန်တော့်ကို အပြီးပိုင်မွေးစားလိုက်တဲ့ကိစ္စနဲ့ပက်သက်ပြီး ထူးဆန်းနေခဲ့သေးတာ။
တစ်ဦးတည်းသောသားမို့ ....သည်းသည်းလှုပ်
ချစ်ကြတဲ့ မိဘတွေက... ကလေးတစ်ယောက်
စကားကို.... လွယ်လင့်တကူလက်ခံလိုက်တာမျိူးပဲလို့
ဖြည့်တွေးစဉ်စားပေမဲ့ ....ကိစ္စက ထင်သလောက်
မရိုးရှင်းတာတော့ အမှန်ပါပဲ။တကယ်လည်း ကျွန်တော့်အတွေးဟာရာနှုန်းပြည့်မှန်ခဲ့ပါရဲ့။ထယ်နဲ့ ကျွန်တော် စသိပြီး ထယ့်အိမ်မှာ
သွားသွားဆော့နေကတည်းက ထယ့်ဖေဖေနဲ့မေမေက ကျွန်တော့်ကို အများကြီးဂရုတစိုက်ရှိခဲ့တာ။ထယ့်မှာမွေးရာပါနှလုံးဝေဒနာခံစားနေရမှန်းကိုသိခဲ့ရတုန်းကဆိုရင် ဘုရားစူး ကျွန်တော်နှလုံးအိမ်ကိုပါ
ဝရိန်နဲ့ ထိုးနေသလိုချော်ရည်ပူတွေနဲ့လောင်းနေသလို ပူပူလောင်လောင်တွေခံစားခဲ့ရတာပါ။မျဉ်းကနဲ ....မျဉ်းကနဲ အသက်ကိုဖိရှူနေရတိုင်း
ထယ်နဲ့နေရာချင်းသာလဲလိုက်ချင်တာပါ။ဒါပေမဲ့ ထယ်က တစ်ချက်ကလေးမှ ပျော့ခွေသွားတာမျိုးမရှိဘူး။စနေသားက သိပ်ကိုအကြောတင်းတာ။ ဆေးလုံးတွေ အများကြီးသောက်ရပေမဲ့
"ငါ နေကောင်းသွားရင် မင်းနဲ့အပြေးပြိုင်မှာ"တဲ့"။ထယ့်ကို ဆေးခန်းပြတဲ့အခါတိုင်း
ကျွန်တော့်ကိုလည်း စမ်းသပ်မူ့တွေလုပ်ပေးခဲ့တာမို့ ကြာတော့ ထယ်နဲ့ကျွန်တော်ဟာ
အမြွှာတွေလို့တောင်ခံစားလာရတော့တာပါ။
ခေါင်းစခြေအဆုံး ထယ်နဲ့အတူတူ စံစားခွင့်ရတဲ့
ကာလတွေမှာ ပန်းတွေအများကြီးပွင့်ခဲ့တာ။အရသာရှိတဲ့စားစရာတွေ...တန်ဖိုးကြီးတဲ့အဝတ်အစားတွေ...ပျော်စရာကောင်းတဲ့မိသားစုလိုက်ခရီးစဉ်တွေကို အိမ်မက်တောင်မမက်ရဲခဲ့ပေမဲ့ ထယ့်ကြောင့်မို့
လက်တွေ့ခံစားခဲ့ရတာပါ။ကျောင်းကို ကားနဲ့သွားရလိမ့်မယ်ဆိုတာ ....အကောင်းစားမွေ့ရာမှာ အိစက်ညက်ညောစွာ အိပ်စက်ရမယ်ဆိုတာကျွန်တော် စိတ်ကူးနဲ့တောင်
မတည်ဆောက်ရဲခဲ့တဲ့အတွေးတွေပါ။ဒါပေမဲ့ အဲ့ဒီလိုနွေးရတဲ့ ခံစားချက်လေးတွေဟာခဏတာပါပဲလို့ သိလိုက်ရတဲ့
အချိန်မှာ ပန်းတွေလည်းညိုးခဲ့ရတာပါပဲ။
အရာရာဟာ ကျွန်တော်နဲ့မထိုက်တန်တာရယ်၊ရာရာစစ မျှော်လင့်မိတဲ့ မေတ္တာတွေက အတုအယောင်သက်သက်ဖြစ်နေတာရယ်ကို
လက်မခံချင်ဘဲ လက်ခံလိုက်ရတော့တယ်။နှလုံးအစားထုကုသဖို့အခြေအနေမျိုးမှာရှိနေတဲ့ ထယ့်အတွက်ထယ့်မိဘတွေ အပူတပြင်းတိုင်ပင်နေတာကို ကြားလိုက်ရတဲ့တစ်နေ့ကျမှကျွန်တော်ဟာကိုယ့်ဘဝ ကိုယ်နားလည်ခဲ့ရတယ်။
သူတို့နှစ်ယောက်က
ထယ်နဲ့ ကျွန်တော်.... နှလုံးအမျိူးအစားချင်း
ကိုက်ညီမူ့ ရှိမရှိ အမြဲစမ်းသပ်စစ်ဆေးနေကြသတဲ့။တိုက်ဆိုင်စွာနဲ့ပဲ
သေချာသွားတဲ့အခါမှကျွန်တော့်ကို ပိုးမွေးသလို
မွေးထားကြတာဟာလည်း ထပ်ပြီးနာစရာပါပဲ။
ထယ့်အတွက် အသက်အပိုအနေနဲ့ထားထားခဲ့ကြတာကို မသိရင်
ကျွန်တော့်ကိုတကယ်ချစ်ကြသလိုလိုနဲ့နော်။တကယ်တော့ ကျွန်တော့်ကမ္ဘာမှာ ဘယ်တုန်းကမှ
ပန်းကလေးတွေ မရှိခဲ့တာနေမှာပါ။
ခံစားထိတွေ့ခဲ့ရသမျှက ကျွန်တော့်တစ်ယောက်တည်း ထင်ယောင်ထင်မှားတွေဖြစ်ခဲ့တာနေမှာ။
YOU ARE READING
ပန်းတွေညိုးတဲ့ဒိုင်ယာရီ
Fanfictionကောင်းကင်ကသတ်မှတ်ပေးထားတဲ့ ကံကြမ္မာ ဆိုတာကိုယုံသလား။ နောက်ပြီးတော့ ချစ်ခြင်းမေတ္တာကိုရောယုံကြည်လား။
စာမျက်နှာ-၂
Start from the beginning