"မှတ်မိတာပေါ့ သွားကြမယ်လေ စားပြီးရင်"

"အိုကေ အိုကေ"

ယွန်းဆောတို့ရည်းစားတွေ စားပြီးတာနဲ့ ဦးတည်ရာဟာ နမ်ဆန်းတာဝါဆီ အသွားလမ်းက ဆိုင်တစ်ခုမှာ သော့လေးဝင်ဝယ်ဖို့လဲ မမေ့

တာဝါပေါ်ရောက်တော့ ဂျောင်ဟျွန်းက သော့ပေါ်မှာ စာရေးတယ်

~ကျွန်တော်‌မွန်း‌ေဂျာင်ဟျွန်းနဲ့ ဂျီယွန်း‌ေဆာ တို့ အိုအောင်မင်းအောင် ပေါင်းဖက်ပါမယ်~

"ဘာလဲ မင်းက ငါ့တစ်ယောက်တည်းကို အသက်ကြီးတဲ့အထိကြိုက်မှာပေါ့"

"ဒါပေါ့ သေတဲ့အထိ မင်းပဲ"

ယွန်းဆောက ရယ်ပြီး ဂျောင်ဟျွန်းလက်ထဲကသော့ကိုယူကာ ဟိုးအရင်က ဂျောင်ဟျွန်းချိတ်ခဲ့ဖူးတဲ့ သော့ဘေးနားမှာသွားချိတ်လိုက်တယ်

"ဝါး ဂျီယွန်းဆော မင်းက အဲ့နေရာကိုမှတ်မိတာလား တစ်ကယ် တစ်ကျောင်းလုံးအဆင့်တစ် ဦးနှောက်ကတော့ရှယ်ပါပဲ"

"လာလေ သော့ကို အတူတူ ပစ်ချရမှာပေါ့ အဲ့တာမှ ဆုတောင်းပြည့်တာလေ"

"လာပြီ"

ယွန်းဆော ဂျောင်ဟျွန်းကို သော့တံတစ်ခုပေးလိုက်ပြီး နှစ်ယောက်သားအတူတူ သော့ကို တာဝါအောက်ဘက်ကို ပစ်ချလိုက်တယ်

"ဂျောင်ဟျွန်း"

"ဟင်"

"ငါလမ်းမလျှောက်ချင်တော့ဘူး"

"ဒါလေးများ ငါကုန်းပိုးမယ် တက်"

"နိုင်လို့လား"

"မင်းကဘယ်လောက်လေးမှာကျနေတာပဲ"

ယွန်းဆော သူ့ရှေ့မှာ ထိုင်နေပေးတဲ့ ဂျောင်ဟျွန်း ကျောပေါ်ကို တက်လိုက်ကာ ပခုံးပေါ်ခေါင်းမှီထားလိုက်တယ် တစ်ကယ် ဒီပခုံးလေးနဲ့ ရင်ခွင်လေးက ယွန်းဆောကို နွေးထွေးမှုအပြည့်ပေးသည်လေ

"ဂျောင်ဟျွန်း"

"ပြောလေ"

"ငါကလေးလား"

"လေးတယ် ကြည့်ရတာ မင်းငါ့ကိုအမျကြီးချစ်တယ်နဲ့တူတယ်"

"ဘာဆိုင်လို့လဲ"

"ငါ့ကိုချစ်တဲ့ အချစ်တွေ သယ်ထားတော့ လေးနေတာလေ မင်းက"

ယွန်းဆောက ‌ခေါင်းလေးမှီရင်း သဘောတကျရယ်တယ်

My Hidden Crush Where stories live. Discover now