စားပြီးသည်နှင့် ဟွမ်ကျွင့်ကျယ် ကိုယ့်အခန်းကိုယ်ပြန်လာပြီး စန်းလျိုချန်နှင့်အတူ အလုပ်များ ပြန်လာလုပ်လေသည်။

ရှောင်စန်း : ချစ်သူလေးနဲ့ တွေ့တာတောင် အလုပ်ကြိုးစားတဲ့ အလုပ်သရဲကို တကယ်မလေးစားဘဲ မနေနိုင်ဘူး

စန်းလျိုချန် စိတ်ထဲတွင် အလေးပြုနေမိ၏။

တကယ်တမ်းတွင်တော့ ရှကျစ်ကွမ်း ဇာတ်ညွှန်းအတွက် လေ့ကျင့်မည်ဟု ‌ဆိုလေရာ မိမိကြောင့် အနှောင့်အယှက်ဖြစ်မှာစိုးသည်မို့သာ ဟွမ်ကျွင့်ကျယ် အလုပ်ပြန်လာလုပ်ရခြင်းဖြစ်သည်။ ဘယ်သူက ရည်းစားအလှလေးကို ပစ်ပြီး ငြီးငွေ့စရာအလုပ်တွေကို လုပ်နေချင်မှာလဲ ?!?!

သို့သော် ညအရမ်းမနက်သော်လည်း အိပ်ချိန်ဖြစ်နေသည့်အချိန် ရှကျစ်ကွမ်းပို့သော စာကြောင့် ဟွမ်ကျွင့်ကျယ် အခန်းအမြန်ပြန်ကူးလိုက်၏။

*ကိုကို အိပ်ပြီလား ကျွန်တော့်အခန်းမှာ အိပ်မှာလား*

ဒါပေါ့ အခန်းကူးလာရသည့် ရည်ရွယ်ချက်မှာ ရှကျစ်ကွမ်းနှင့် အတူအိပ်ချင်သည်ကြောင့်သာ။ သို့ပေသိ အခန်းထဲ ရောက်ချိန်၌...

"ဟို...ကိုကို ကုတင်ပေါ်မှာ အိပ်လိုက်ပါ ကျွန်တော် ဆိုဖာပေါ်မှာ အိပ်လိုက်ပါ့မယ်"

"အင်း"

ဟွမ်ကျွင့်ကျယ် အင်တင်တင်နှင့်သာ ခေါင်းငြိမ့်လိုက်ပြီး အိပ်ခန်းထဲမှ ထွက်သွားသော ရှကျစ်ကွမ်းအား ကြည့်နေမိသည်။ ထို့နောက် သက်ပြင်းချကာ အိပ်ရာပေါ်လှဲလိုက်၏။

အိပ်ရာက နှစ်ယောက်အိပ်ဖို့အတွက် လုံလုံလောက်လောက်ကြီးပါတယ်...

"ဟိုလေ...ကိုကို"

ခဏအကြာတွင်တော့ တံခါးဝရှေ့ ခေါင်းအုံးလေး ပိုက်လျက် ရပ်နေသော ရှကျစ်ကွမ်းအား တွေ့လိုက်ရသည်။

"ဘာဖြစ်တာတုန်း"

"ဆိုဖာက သက်သောင့်သက်သာ မရှိဘူး..."

မျက်နှာငယ်လေးလုပ်ကာ မိမိအား ကြည့်လာသော ကောင်လေးမှာ သခင်စွန့်ပစ်ခံထားရရသည့် ခွေးပေါက်လေးတစ်ကောင်အလား သရုပ်ဖော်နေလျက်။

တစ်စုံတစ်ယောက်ကို မတော်တဆ ချစ်ရေးဆိုမိသွားပြီ!!!Donde viven las historias. Descúbrelo ahora