ရှကျစ်ကွမ်းစကားကြားသည့်အခါ မျက်လုံးပင့်ကာ ရှကျစ်ကွမ်းအား တစ်ချက်ကြည့်ကာ ထပ်ပြောလိုက်သည်။

"ဒါပေမယ့် မင်းရဲ့ အပြုအမူက အတွေ့အကြုံရှိတဲ့ပုံပေါ်နေသား...အရင်က လုပ်ဖူးသလိုမျိုး...အရမ်းတည်ငြိမ်နေတာ..."

"မဟုတ်ဘူး! ကျွန်တော်က သရုပ်ဆောင်လေ ခံစားချက် ထိန်းချုပ်တာကလဲ သရုပ်ဆောင်ပညာရပ်တစ်ခုပဲလေ ခုနက ကျွန်တော် အရမ်းစိတ်လှုပ်ရှားပြီး ရင်ခုန်နေတာ! အရမ်းလဲ ကြိုက်တယ်!!! ပြီးတော့ ကျွန်တော် အခုထိ အနမ်းခန်းတောင် မရိုက်ဖူးသေးဘူး "

အကြည့်တစ်ချက်နဲ့တင် ကပြာကယာရှင်းပြလာသော ခွေးပေါက်လေးမှာ သခင့်ဆီက စွန့်ပစ်ခံရမည့် အရေးကို ကြောက်ရွံ့နေသည့်အတိုင်း။

ရှကျစ်ကွမ်း၏ ဖြေရှင်းစကားကြားချိန်တွင် ဟွမ်ကျွင့်ကျယ်၏ နားနှစ်ဖက်မှာ နီမြန်းလာပြန်သည်။ ရှကျစ်ကွမ်း‌ပြောသည်များအား ခေါင်းညိမ့်တုံ့ပြန်လိုက်ပြီး ခေါင်းကို ငုံ့ထားလျက် တူပြန်ကိုင်ကာ စားဖို့လုပ်လေသည်။

ဟုတ်သားပဲ...သူအရင်ကတည်းက ရှကျစ်ကွမ်းနောက်လိုက်တဲ့ ပရိတ်သတ်လေး လုပ်ခဲ့တာလေ ရှကျစ်ကွမ်း ရိုက်သမျှ အကုန်ကြည့်ဖူးတာပေါ့ အနမ်းခန်းမှ မပါဘဲကို...သူဘယ်လိုတောင် မေ့သွားတာတဲ့လဲ ?!?! ရှက်ဖို့ကောင်းလိုက်တာ!!

ရှကျစ်ကွမ်းသည် ဟွမ်ကျွင့်ကျယ်၏ အမူအရာများအား အမြဲသတိထားကာ စောင့်ကြည့်နေသည်မို့ နီမြန်းလာသော နားနှစ်ဖက်ကို မြင်သည်နှင့် သက်ပြင်းခိုးချကာ အသာပြုံးမိသည်။

သူ့ကိုကိုက ရှက်နေတာပဲ...ခုနက ရှောင်သွားတာက ဒီကိစ္စကို သံသယဝင်နေသည်ပေါ့လေ။ တကယ် ချစ်ဖို့ကောင်းလိုက်တာ! သူ့ကို ကြိတ်သဝန်တိုနေတာပဲ။

တော်သေးသည်။ ယခုအချိန်ထိ အနမ်းခန်းများအား မရိုက်ကူးခဲ့သည်မို့ ပြဿနာ မကြီးမားသွားပေ။ အကယ်၍သာ သူရိုက်ထားမိပါက ကိုကို ပိုစိတ်ဆိုးသွားရင် ဘယ်လိုပြန်ချော့ရမှာတဲ့လဲ ?!

စားနေချိန်တွင် ရှိသမျှ ဟင်းများ ဟွမ်ကျွင့်ကျယ်၏ ထမင်းပန်းကန်ထဲသာ ထည့်နေသည်မို့ သည်းမခံနိုင်သည့်အဆုံး ထပြောလိုက်မှသာ ရှကျစ်ကွမ်းတစ်ယောက် နားရွက်လေးများ ကုပ်ကာ ငြိမ်ကျသွားလေ၏။

တစ်စုံတစ်ယောက်ကို မတော်တဆ ချစ်ရေးဆိုမိသွားပြီ!!!Where stories live. Discover now