မေးခွန်းစာရွက်လက်ထဲရောက်တဲ့အချိန် ယွန်းဆော ဂျောင်ဟျွန်းကို လှမ်းကြည့်မိတယ် ကုန်းရုန်းဖြေနေတဲ့ ဂျောင်ဟျွန်းက အဆင်ပြေပြေဖြေနိုင်မယ်ထင်ပါရဲ့လေ

.....
ဟျောင်းဝန်း-"နောက်ဆုံးတော့ စာမေးပွဲပြီးသွားပြီ"

စာမေးပွဲဖြေပြီးတာနဲ့ ဗိုက်ဆာတယ်ဆိုပြီး ယွန်းဆောနဲ့ ဆွန်းအွန်းကို ကန်တင်းကိုဆွဲခေါ်လာတဲ့ ဟျောင်းဝန်းမှာ တစ်ဘာသာလေးဖြေပြီးတာကို ဘဝကြီးမှတ်နေလေရဲ့

ဆွန်းအွန်း-"တစ်ဘာသာတည်းပြီးသေးတာပါ ဝန်းလေးရယ်"

ယွန်းဆော-"လွှတ်ထားလိုက် အဲ့ကောင် တစ်ဘာသာကိုပဲ အဆင်ပြေပြေဖြေနိုင်တာပဲ တော်တော်ကိုကံကောင်းနေပြီ"

ဟျောင်းဝန်း-"ဟ စော်ကားလှချည်လား အာ့ ငါ့ဗိုက်"

ယွန်းဆော-"ဘာဖြစ်ပြန်တာတုန်း"

ဟျောင်းဝန်း-"ငါကစိတ်လှုပ်ရှားရင် ဗိုက်အောင့်တတ်တယ်လေ မင်းတို့အရင်သွားနှင့်နော် ငါလိုက်လာခဲ့မယ် သွားနှင့်ကြ"

ဆိုပြီး ပြေးထွက်သွားတဲ့ ဟျောင်းဝန်းကိုကြည့်ပြီး ယွန်းဆောနဲ့ ဆွန်းအွန်းခမျာ ခေါင်းသာခါမိလိုက်တယ်

"ယွန်း‌ေဆာ မင်းဒီမှာစောင့်နေဦး ငါထမင်းသွားယူလိုက်ဦးမယ်"

"ငါပါလိုက်ယူပေးမယ်လေ ဟိုကောင် ဟျောင်းဝန်းအတွက်"

"အို အဲ့လိုလုပ်ပေးမလား သိုင်းကျူးပါ သူငယ်ချင်း"

ဆွန်းအွန်းနဲ့ ယွန်းဆောတို့ ထမင်းယူပြီး ဟျောင်းဝန်းကို ထိုင်စောင့်နေတဲ့အချိန် အလောတကြီးပြေးလာတဲ့ ဟျောင်းဝန်းကြောင့်

ဆွန်းအွန်း-"အနောက်က ကျားလိုက်လာလို့ အဲ့လောက်ပြေးလာတာလား"

ယွန်းဆော-"ဒါမှမဟုတ် သေအောင်‌ဗိုက်ဆာနေလို့များလား"

ဟျောင်းဝန်းတစ်ယောက် အမောတောင်မဖြေနိုင် လက်ခါပြလိုက်ကာ

"ဂျောင်ဟျွန်း ဂျောင်ဟျွန်း ကျောင်းနောက်မှာ"

ယွန်းဆော ဂျောင်ဟျွန်းနာမည်ကြားတာနဲ့ ပူထူသွားသည် ဘာဖြစ်တာလဲ

My Hidden Crush Wo Geschichten leben. Entdecke jetzt