အခန်း (၁)
အေးအေးပူပူလေးနဲ့ ကြမ်းမဲ့
📌 ရှင်လူကြမ်း 📌
💎💎💎💎
ဗိုလ်ကျားရိုင်း(Tiger) 💞မေရှင်ကညာ
အချိန်ကာလအားဖြင့် မြန်မာနိုင်ငံမြောက်ပိုင်း ဧရာဝတီမြစ် အရှေ့ဘက်ကမ်း၌ တကောင်းအမည်ရှိသောပြည်၊ ရခိုင်ဘက်တွင် မြောက်အရပ်၌ ဝေသာလီအမည်ရှိသော ပြည်၊ တောင်ဘက် ပင်လယ်ကမ်းခြေတွင် ယခုခေတ် သထုံမြို့တည်ရာ အရပ်၌ သထုံ အမည်ရှိသောပြည်၊ ယခုခေတ် ပြည်မြို့၏ အရှေ့ဘက် မှော်ဇာရွာ တည်ရာအရပ်၌ သရေခေတ္တရာ အမည်ရှိသော ပြည်ဟု ပြည်လေးပြည် ထွန်းကားလာပြီးနောက်
၁၈၂၆ ခုနှစ် အင်္ဂလိပ်-မြန်မာ ပထမ စစ်ပွဲတွင် မြန်မာတို့က အင်္ဂလိပ်အစိုးရအား အာသံ၊ မဏိပူရ၊ ရခိုင်၊ တနင်္သာရီနယ်များ ပေးအပ်လိုက်ရခြင်း၊ ၁၈၅၂ ခုနှစ် ဒုတိယစစ်ပွဲတွင် အောက်ပိုင်းကို မြေထဲမြို့၊ တောင်ငူမြို့များအထိ ပေးလိုက်ရခြင်းတို့ ပေါ်ပေါက်လာသည်။
မြန်မာနိုင်ငံအထက်ပိုင်းနှင့် အင်္ဂလိပ်ပိုင် အောက်မြန်မာနိုင်ငံတို့သည် အကူးအသန်း အဆက်အဆံ မပြတ်ရှိ၍ ရင်းနှီးမြဲရင်းနှီးကြလေသည်။
နယ်ချဲ့ခွင့်ရတိုင်း နယ်ချဲ့ရန် ကြံစည်နေကြသော အင်္ဂလိပ်အစိုးရနှင့်လည်းကောင်း၊ ပြင်သစ် အစိုးရနှင့်လည်း ကောင်း သင့်မြတ်အောင် ဆက်ဆံတတ်သော မင်းတုန်းမင်းသည် ၁၈၇၈ ခုနှစ်တွင်ကွယ်လွန်၍ ထိုနှစ်၌ပင် သားတော် သီပေါမင်း နန်းတက်သည်။
၁၈၈၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် အင်္ဂလိပ် အစိုးရတို့က အထက်မြန်မာနိုင်ငံကို သိမ်းယူပြီး ဖြစ်ကြောင်း ကြေညာခဲ့ရသည်အထိ မြန်မာ တစ်နိုင်ငံလုံး သူ့ကျွန်ဘဝရောက်ခဲ့ရလေသည်။
ထိုမှစ၍ အင်္ဂလိပ်အစိုးရတို့သည် မြန်မာနိုင်ငံ (ယခင် ဗမာနိုင်ငံ) အပေါ်အမျိုးမျိုးသောနည်းလမ်းတွေဖြင့်
ဂုတ်သွေးစုပ်အမြတ်ထုတ်တာ ကြာလာတော့ ပြည်သူအများက တွန်းလှန်ဖို့ အမြဲတွေးတောနေခဲ့သည်....
ထိုအထဲမှ ဗိုလ်ကျားရိုင်းတစ်ယောက်လည်း အပါအဝင်ဖြစ်လေသည်..
YOU ARE READING
🩸ရှင်လူကြမ်း🩸
Historical Fictionစာရေးသူ - ကွင်း(Mant QUEEÑ) တောဓားမြလူကြမ်း ဒဿလို အချစ်ကြီးချစ်မဲ့ ကျားရိုင်း အရင်က ကျားရိုင်းဘဝမှာ အချစ်ကမလိုအပ်ပေမဲ့ မေရှင်ကညာဆိုတဲ့မင်းကို စတွေ့ပြီးတဲ့နောက် အသက်ရှူဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အောက်ဆီဂျင်လိုဖြစ်လာတယ် အေး မင်းမရှိတဲ့နေ...
