EP 1

1K 50 2
                                        

ဂျင်ယောင်း ဘဝမှာ ‌ပျော်စရာတွေမခံစားဖူးသလို ဝမ်းနည်းစရာတွေလည်းမခံစားဖူးပါ။ မိသားစုကြောင့်စိတ်ဒဏ်ရာရသလားဆိုတော့လည်းမဟုတ်ပါ။ ဒယ်ဒီ မာမီအပြင် ညီမလေးကပါ ဂျင်ယောင်း ကို ချစ်ပါသည်။ ဂျင်ယောင်း ကို သူငယ်ချင်းတချို့ကတော့ စက်ရုပ်လူသားဟုခေါ်သည်။ ငယ်စဉ်ဘဝမှာလည်း ကျောင်းနဲ့ အိမ်၊ အိမ်နဲ့ကျောင်းကိုသာ ကူးနေပြီး အသက်အရွယ်ရလာသောအခါတွင်လည်း အိမ်နဲ့အလုပ် အလုပ်နဲ့အိမ်ပင်ဖြစ်သည်။

သူ့ညီမဖြစ်သူ Wonyoung ကတော့ သူလိုမဟုတ်ဘဲ ပျော်ပျော်နေတတ်သူဖြစ်ပြီး နာမည်ကျော်ကြားသည့် မင်းသမီးတစ်ဦးဖြစ်သည်။ ကိုးရီးယားနိုင်ငံတွင် Jang Group က အကြီးမားဆုံးဖြစ်သော်လည်း သူတို့၏ ဒုဥက္ကဌဖြစ်သူမှာ ထင်ပေါ်ကျော်ကြားသည့် လူတစ်ဦးတော့မဟုတ်ပါ။ အမြဲတမ်းရုပ်တည်တည်နဲ့ တိကျပြတ်သားသည့် ခံစားချက်ကင်းမဲ့နေသော အမျိုးသမီးသာဖြစ်သည်။ သူအသက် ၂၇နှစ်တိုင်အောင် ချစ်သူရည်းစားဟူ၍ ကျားသော်လည်းကောင်း မ,သော်လည်းကောင်း မထားဘူးပါ။ အချစ်ဆိုတာကိုလည်း ဖြူသလားမဲသလား ရုပ်ချောသလား ရုပ်ဆိုးသလားပင်မသိပါ။

ဂျင်ယောင်း အလုပ်ကိစ္စနဲ့ ဂျပန်ကို ရောက်နေသည့်အချိန်ဖြစ်သည်။

"ဒုဥက္ကဌ ကျွန်တော် လိုက်ပို့ရဦးမလား ခင်ဗျ"

"ရတယ် ဂျူရို လုပ်စရာရှိတာပဲလုပ် ငါဒီတိုင်း သွားလိုက်မယ်"

ဂျူရို က သူရဲ့ အတွင်းရေးမှူးဖြစ်ပြီး သူသွားလေရာပါလေ့ရှိသည်။ ခုလည်း ဂျူရို က Car Company တစ်ခုရဲ့စာချုပ်စာတန်းကိစ္စနဲ့ တစ်ခြားသူနဲ့သွားတွေ့ရမှာဖြစ်ပြီး ဂျင်ယောင်းကတော့ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုရဲ့ ပိုင်ရှင်နဲ့သွားတွေ့ရမည်ဖြစ်သည်။ သူမမှာအချိန်မရှိ၍ နှစ်ဦးစလုံးကို အချိန်တူ ချိန်းလိုက်မိခြင်းဖြစ်သည်။

သူမ Taxiစီးပြီး ချိန်းထားတဲ့နေရာကိုရောက်ပြီး စကားအခြေအတင်ပြောနေရသောကြောင့် တစ်နာရီကြာရမည်ကို ၁နာရီခွဲကြာသွားသည်။ အလုပ်ကိစ္စပြီး၍ သူမ Hotel သို့ပြန်မည်ဖြစ်သည်။

သူမ Taxi ကိုတားပြီးတက်မည့်အလုပ်တွင် မိန်းကလေးတစ်ဦးက ကားပေါ်အရင်တက်သွားသည်။

Shine With Me Where stories live. Discover now