ဂျောင်ဟျွန်း -"ယွန်းဆော!"

ယွန်းဆော-"ဟင်"

ဂျောင်ဟျွန်း-"ရော့ မင်းအတွက်"

ချောကလက်နို့ဘူး တစ်ဘူးယွန်းဆောကိုပေးလိုက်တယ်

ဟျောင်းဝန်း -"ငါတို့အတွက်ကရော"

ဆွန်းအွန်း -"အေးလေ လူကသုံးယောက်ရှိတာကို တစ်ဘူးတည်းနဲ့ ဘယ်လောက်မလဲ"

ဂျောင်ဟျွန်း-"မင်းတို့ပါ သောက်ချင်လို့လား"

ဟျောင်းဝန်းနဲ့ ဆွန်းအွန်းပြိုင်တူပြောလိုက်တယ်

"ဒါပေါ့"

ဂျောင်ဟျွန်း -"အဲ့တာဆို ဝယ်သောက်လေ"

ယွန်းဆောက ရယ်တယ်

ယွန်းဆော -"ကျေးဇူးနော် ဂျောင်ဟျွန်း လာပါ ငါတို့နောက်ကျကုန်မယ် သွားရအောင် မင်းတို့သောက်ချင်ရင် ငါဝယ်တိုက်မယ်"

ဆိုပြီး လှည့်ထွက်သွားတဲ့ယွန်းဆောကို ဟျောင်းဝန်းနဲ့ ဆွန်းအွန်းတို့က စနောက်နေတဲ့မြင်ကွင်းလေးက ဂျောင်ဟျွန်းအတွက်တော့ ‌ကြည့်လို့မဝနိုင်

"ဟျောင့် မွန်းဂျောင် ဘာတွေ‌ေငးနေတာလဲ"

ဘာစကားသံမှပြန်မလာတဲ့ဂျောင်ဟျွန်းကြောင့် သူငယ်ချင်းဖြစ်သူမှာ ဂျောင်ဟျွန်းကြည့်နေတဲ့နေရာကို လိုက်ကြည့်တော့မှ

"အော် မင်းက မတော်ရသေးတဲ့ ရည်းစားလေးကို ငမ်းနေတာကိုးး မွန်းဂျောင်ဟျွန်း!!"

"ချီး နားကိုအူထွက်သွားတာပဲ ဖြေးဖြေးပြောလေ"

"ဖြေးဖြေးလေးခေါ်နေတုန်းကကျ အဖတ်တောင်မလုပ်ပဲနဲ့"

"ဟီး ဟီး ဆောရီး ငါအိမ်ပြန်ပြီ ဘိုင့်အီ"

"သေချာလဲ သွားဦး လမ်းမှာ ဂျီယွန်းဆောအကြောင်းတွေးပြီးခလုတ်တွေတိုက်နေဦးမယ်''

ခရက်ရှ်ရူး ရူးနေတဲ့သူငယ်ချင်းဖြစ်သူကို သတိကပေးရသေးတယ် တစ်ကယ်ခလုတ်တိုက်နေမှ ဒူးပြဲနေဦးမယ်

.....
"ပြန်ရောက်ပါပြီ"

"ရောက်ပြီလား ဘာတွေအဲ့လောက်ပျော်နေတာလဲ မနေ့ကကျ ဒီလိုအသံမဟုတ်ပါဘူး"

My Hidden Crush Where stories live. Discover now